Part (20) Uni/Zawgyi

33K 1K 43
                                    

အတ္တလွန် အချစ်
အပိုင်း(20)

"အဲ့တာ ဘယ်လဲ"
မွန်းက သူ့ကိုကျောခိုင်းလိုက်လျှင် သူ့အသံက ယခင်ကထက်ပို၍ခက်ထန်လာ၏ ။

"မနက်စာ သွားစားမလို့"

"ဒေါ်တင် ကိုယူလာခိုင်းလိုက် ဒီမှာစား"

သူမကိုမျက်စိအောက်ကပင်အပျောက်မခံနိုင်။
မွန်းက အောက်နှုတ်ခမ်းလေးကို ကိုက်၍ သူ့ကို မျက်ရည်ကြည်မျက်လုံးတွေနဲ့ကြည့်ပစ်လိုက်သည်။
ထို့နောက်အခန်းတံခါးဖွင့်လိုက်ပြီး ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။

"မေတင် မွန်းတို့၂ယောက်အတွက် မနက်စာလေးယူခဲ့ပေးပါနော် "

အိမ်ကြီးကကြီးမားကျယ်ပြန့်သော်လည်း အရမ်းတိတ်ဆိတ်သည်မို့ ကြားနိုင်လောက်ပါသည် ။

ထို့နောက် သူမသည် သူထိုင်နေသည့်ကုတင်ဘေးက ဗီရိုထဲမှ လည်ပင်းအထိလုံသော ဂါ၀န်တစ်ထည်ကိုထုတ်ယူလိုက်ပါသည်။
မနေ့က သူအားရပါးရကိုက်ထားတဲ့ သွေးခြေဥနေသောအကွက်ကြီးကိုသူများတွေမမြင်စေလိုပါ။

မွန်းက ရေချိုးခန်းဘက်သို့ခြေဦးလှည့်သွားရာ
"ဘာလုပ်မလို့လဲ"

သူ့အမေးကြောင့် သက်ပြင်းရှိုက်လိုက်ပြီး

"ကျွန်မ ဘာလုပ်လုပ် ရှင့်ကိုအားလုံးအစီရင်ခံနေရမှာလား "
"ဖြစ်သင့်တဲ့အရာပဲလေ "

"ကျွန်မဘ၀ကိုရှင်မှမပိုင်တာ"
"အခုချက်ချင်းပိုင်အောင်လုပ်လိုက်လို့ရတယ် မေမီမွန်း ငါဒဏ်ရာရထားလို့ဆိုပြီး ရောင့်တက်မနေနဲ့ "

"ရှင် တကယ်မုန်းဖို့ကောင်းတာပဲ"

"မင်းကိုဘာလုပ်မလို့လဲလို့မေးနေတယ်လေ"

"ရေချိုးမလို့ "
မွန်းက စောင့်အောင့်၍ ရေချိုးခန်းတံခါးကို အသံမြည်အောင်ပိတ်ပစ်လိုက်၏ ။

အတ္တသည် သူမ၀င်သွားပြီးမှ ကိုယ့်အင်္ကျီကို
လှန်ကြည့်မိရာ ဒဏ်ရာချုပ်ရိုးပေါ်က သွေးစို့နေတာ မတိတ်သေးပါ ။

"အ..."
ဒီလောက်နဲ့တော့မသေနိုင်ပါဘူး ဟု တွေး၍ အတ္တ အင်္ကျီကိုပြန်ဖုံးပြီး ဘာမှမဖြစ်သလိုပဲ နေလိုက်၏။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now