Part (44) Uni/Zawgyi

29.7K 986 205
                                    

အတ္တလွန် အချစ်
အပိုင်း(44)
နေလုံးနီနီထွက်ပြူစပြုခါနီး နံနက်၅နာရီ ဆိုတဲ့အချိန် မှာ အတ္တလွန်က မိန်းကလေးတစ်ယောက်နဲ့တစ်နေ့တာအချိန်တွေကုန်ဆုံးဖို့အဆင်သင့်ပြင်နေသတဲ့
ကိုယ် မင်းနဲ့မှရူးသွားသလားပဲ မတတ်နိုင်ဘူး baby ဒီနေ့က မင်းနဲ့ကိုယ်ရဲ့နောက်ဆုံးနေ့!!

​===
ဘယ်တော့မှ တံခါးမခေါက်တတ်တဲ့ အသားပျော့ပျော့ရှင်အင်္ကျီအဖြူရောင်ကိုလက်ခေါက်တင်ပြီး ဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထာယသောသူသည် ဒီတစ်ကြိမ်မှာလည်း သူ့အလိုကျ ၀င်ချင်သလို၀င်လာပြန်သည်။

အဖြူရောင် လက်ပြတ်ဒူးဖုံးဂါ၀န်လေးအား ကိုယ်လုံးလေးနှင့်ကွက်တိကျအောင်၀တ်ဆင်ထားပြီး အနီရောင်ဆံပင်တွေကို ဖြီးရှင်းဖို့ ဘီးလေးကောက်ကိုင်သည့် မိမိလက်အပေါ်သို့ ​ဖြူဖြူရှည်ရှည်လက်တစ်ဖက်က အုပ်ကိုင်ခြင်းခံလိုက်သည်။

မှန်တင်ခုံရှေ့မှာ သူမရဲ့ခန္ဓာကိုယ်လေးအား ပုခုံးမှဖိချခြင်းခံလိုက်၍

"ကိုယ်ရှင်းပေးမယ် "

ဟုနားနားမှာခပ်တိုးတိုးကလေးပြောသည်။
သူမက ဘီးကို ပြန်ယူရန်ပြင်ဆင်သည့်အခါ

"ရှင်းပေးခွင့်ပြုပါ ဒီနေ့က မင်းနဲ့ကိုယ် ရဲ့နောက်ဆုံးနေ့မဟုတ်လား?"

သူ့စကားကြီးသည် မွန်းရဲ့ရင်ထဲမှာဟာတာတာကြီးဖြစ်သွားရအောင်ခံစားလိုက်ရသည်။ အတ္တကအတုအယောင်အပြုံးတစ်ခုဖြင့်

"ဒီနေ့ တစ်နေ့လုံး မင်း ကိုယ့်ကို 'ကို´ လို့ပဲခေါ်စေချင်တယ် "

သူမဆံပင်တွေရှည်တွေကို စိတ်ရှည်လက်ရှည် ရှင်းလင်းဖြီးပေးနေသူကို သူမကမှန်ထဲကနေတစ်ဆင့် ကြည့်နေသည်။

သူဟာ မွန်းရဲ့ဆံပင်များသူ့လှိုင်းကလေးနဲ့သူ ခပ်တွန့်တွန့်ကလေးတွေရှင်းသွားတဲ့အခါ အနည်းငယ်ခါးကိုတိမ်းညွတ်ပြီး သူမရဲ့ လည်ပင်းလေးအားအနောက်မှ သိုင်းဖက်လိုက်ပြီး

"Baby!"

နားထောင်ကောင်းလှတဲ့ သူ့အသံကို Baby လို့ခေါ်တဲ့အချိန်များဆိုပိုလို့ပင်သဘောကျနေမိစွာ လည်ပင်းကသူ့လက်ကလေးကို ပြန်ကိုင်ထားလိုက်ပြီး ပြုံးကြည့်လိုက်ပါသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now