Part (9) Uni/Zawgyi

34.8K 1.1K 59
                                    

အတ္တလွန် အချစ်
အပိုင်း(9)

ဖက်ထားသည့်လက်ကမလွှတ်ပဲ မိုးချိန်းတိုင်းပိုတင်းကြပ်စွာဖက်ထားခံရသဖြင့် အတ္တသည် ထိုမွေ့ယာပေါ်မှာပဲ နံရံကိုကျောမှီကာ ခြေဆန့်ထိုင်လိုက်သည်။

မင်းက ဒီရင်ခွင်ထဲတိုးတိုး၀င်တိုင်း နှလုံးသားကိုတစ်ချက်၀င်တိုက်တယ် ဆိုတာသိရင်သိပ်ကောင်းမယ်
အတ္တဟာ သူ့ခါးကိုအတင်းဖက်ထား၍ ရင်ခွင်ထဲတိုးနေသည့်ခေါင်းလေးအား လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးပြီးကျန်လက်တစ်ဖက်က စီးကရက်တစ်လိပ်ညှပ်ထားသည်။

"ဒီတိုင်းဆို မင်းကြောင့် ငါအိပ်လို့ပျော်မှာမဟုတ်တော့ဘူး "

ဖားပါးစပ်ပုံစံလည်ပင်းပေါက်ကျယ်သောအင်္ကျီမှ ငုံ့ကြည့်တိုင်းမြင်နေရသည့် အတွင်းသားအချို့တစ်ဝက်ကြောင့် ဘေးကစောင်ကိုဆွဲယူ၍ သူမအပေါ်လွှားကနဲခြုံပေးလိုက်သည်။

"စိတ်ရှိတိုင်းလုပ်လိုက်မိရင် ကိုယ့်အပြစ်ဖြစ်ဦးမယ် "

ဒီတစ်ညလုံးအတွက် အတ္တတစ်ယောက်စီးကရက်တစ်ဘူးလုံးကုန်သွားခဲ့တယ်ဆိုရင်လွန်မလား။
သန်းခေါင်ကျော်မှ တိတ်သွားသည့် မိုးကြောင့် အတ္တဟာ သူမအနားမှတစ်ဖဝါးမှမခွာရသေးပါ။
သူ့ကိုဖက်ထားခြင်းမရှိတော့ပေမဲ့ သူမဟာဘေးနားမှာကပ်ပြီး ငြိမ်သက်စွာအိပ်ပျော်နေသည်။

နာရီအားဖြင့်မနက်၄နာရီဖြစ်ပြီး ဆောင်းအဝင်မိုးကြောင့် ချမ်းစိမ့်စိမ့်လေးရှိသဖြင့်
သူ့ကိုကျောပေးသွားပြီဖြစ်တဲ့သူမဘက်သို့ လှည့်ကာ စောင်ကိုဆွဲခွာပြီး သူကနောက်မှဝင်လှဲ၍ ဖက်ထားလိုက်သည်။

သူ၏ရင်ဘက်နှင့် သူမရဲ့ကျောပြင်ကိုကပ်နေအောင် ဆွဲဖက်ထားပြီး အနီရောင်ဆံပင်တွေကြားကိုတိုးဝှေ့နမ်းရှိုက်လေသည်။

ခါးသေးသေးလေးကိုပိုပြီးတင်းကြပ်အောင် ထပ်ဖက်လိုက်ကာ ကျောဘက်ကသူမဆံပင်တွေကိုရှေ့သို့ဖယ်ပို့ကာ ပြောင်ရှင်းသွားသည့် လည်ပင်းနဲ့ ဂုတ်လေးကို သူ့နှုတ်ခမ်းတို့ဖြင့်ဖိစုပ်လိုက်ပါသည်။

သူမရဲ့လည်ပင်းတစ်လျှောက်တိုးဝှေ့ပွတ်သပ်နေသည့်သူ့မျက်နှာနဲ့ နှုတ်ခမ်းတို့ကြောင့်

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now