Part (14) Uni/Zawgyi

33.1K 1K 44
                                    

အတ္တလွန် အချစ်
အပိုင်း(14)

ကားပေါ်မှာ ​အရုပ်တစ်ရုပ်လိုမလှုပ်မယှက် ပါလာသောသူမက ကြောက်အားလန့်အား သတိလစ်သွားတာများလား။

အတ္တသည် ကားမောင်းရင်းမှ သူမကိုမကြာခဏလှည့်ကြည့်ရင်း

"ဟေ့ မွန်း ဟိတ်..."

ဘရိတ်စောင့်အုပ်လိုက်သည့်အခါမှ

"အမလေး...."

သူမက ကြောင်အမ်းအမ်း ဟိုလှည့်ကြည့်ဒီလှည့်ကြည့်လုပ်နေသည်။

"မင်း ဘာဖြစ်လို့လဲ အရမ်းကြောက်သွားလား"

အတ္တက လွတ်အောင်မောင်းလာပြီးမှ လမ်းတစ်ဝက်မှာ ကားကိုခတ္တဘေးချရပ်ထားသည်။

"ဟင့်အင်း ကျွန်မ ကျွန်မ သေပြီထင်နေတာ သေနတ်သံတွေအခုထိကြားနေရတုန်းပဲ"

သူမက နားထဲက အတ္တတပ်ပေးထားသောနားကြပ်လေးကိုဖြုတ်ပြီးပေးလိုက်ရင်းပြောသည်။

"ဘာမှမဖြစ်ဘူး ကိုယ်တို့အန္တရာယ်ကင်းပြီ "

အတ္တမှ ပေးသောနားကြပ်ကလေးကို ကားဒတ်ရှ်ဘုတ်ပေါ်သို့တင်လိုက်ရင်းပြောသည်။

မွန်းက သူပြောတဲ့စကားတွေထက် ၀ိုင်တွေစိုနေသည့် အမွှေးပွခြံလွှာကြီးကိုသာ ခဏခဏ ကိုင်ကြည့်နေသဖြင့်

"ချွတ်လိုက်"

အတ္တရဲ့စကားကိုကြားတော့ သူမဟာ

"ဟင် "
သူ့ကိုပြူးတူးပြဲတဲ ကြည့်လာလေသည်။

အတ္တက ကားကိုလမ်းဘေးကမှာရပ်ထားရာကနေလမ်းပေါ်သို့တင်ကာ အိမ်ပြန်လမ်းသို့ဆက်မောင်းလာရင်း

"မင်းနေရမခက်ဘူး အဲ့တာကြီးကစိုနေတာ"

မွန်းလည်း စိုစိစိနှင့် နေရတာအဆင်မပြေသောကြောင့် ထိုခြံလွှာကို အသာလေး ချွတ်ပြီးပေါင်ပေါ်သို့တင်ထားလိုက်သည်။

အတ္တသည်သူမကိုလှည့်ကြည့်ပြီး
ကားမောင်းနေရင်းမှ မွန်းပေါင်ပေါ်ကခြုံလွှာကြီးကို ယူ၍ ကားနောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည် ။

မွန်းရင်တွေကအခုထိတုန်နေတုန်းဖြစ်ကာ
သေနတ်သံတွေဆူညံနေတဲ့ကြားထဲကနေ ပြေးလာရ ပြီးတော့ အခုကားထဲမှာကသူနဲ့ မွန်း၂ယောက်တည်း
သူပြောထားတာကိုမွန်းမှတ်ထားကာ မွန်းရဲ့ဂါ၀န်အကွဲကို ပေါင်သားများမမြင်ရစေရန် ဆွဲစိထားသည် ။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now