Part (29) Uni/Zawgyi

31.7K 962 130
                                    

အတ္တလွန် အချစ်
အပိုင်း(29)

ဒီနေ့ မနက်နိုးထလာတဲ့အခါ အရင်လိုသာယာခြင်းများမပါ၀င်ခဲ့ဘဲ စိတ်တွေအရမ်းထွေပြားနေခဲ့သည်။
သူမကို အတိတ်ကနှစ်မြို့စရာမရှိသော
အကြောင်းအရာတွေ ပြန်ဖော်ပြရမယ်ဟူသောအသိက ဦးနှောက်နှင့်စိတ်တွေကို ရှုပ်ယှက်ခက်သွားစေသည်။

ပါရီမြို့မှာပဲတွေ့ခွင့်ရမယ့် ကိုယ့်အတွက် တန်ဖိုးအရှိဆုံးတစ်စုံတစ်ဦးကို သူမနှင့်လည်း မိတ်ဆက်ပေးချင်သေးသည်။ ကတိပေးပြီးသားမို့ အတ္တ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ကာ တစ်ကိုယ်လုံးအနက်တွေကိုဆင်မြန်းခဲ့၏။ သူမကိုအိပ်ရေး၀၀အိပ်စေချင်သောကြောင့် အမြဲ သူအားလုံးပြင်ဆင်ပြီးမှ နှိုးဖြစ်ခဲ့သည်။

"Baby Baby !"
နားနားလေးကို ခပ်တိုးတိုးလေးကပ်၍နှိုးလိုက်သည်။

"Baby  ထတော့ ကိုယ်နဲ့မင်းအတွက် ဒီနေ့ကအရေးကြီးတယ်"

မွန်းသည် မျက်ခုံးတွေရှုံ့သွား၍ ထထိုင်ပြီး
မျက်လုံးတွေပွတ်လိုက် နားရွက်တွေကိုကုပ်လိုက်သူမလေးကို အတ္တ သဘောကျစွာပြုံးကြည့်လိုက်ပြီး
"အင်း"
ဆွဲပွေ့ခေါ်လိုက်သည့်အခါ သူ့ရင်ခွင်ထဲမှာ မျက်လုံးမှိတ်ကျသွားပြန်သည်။

မနေ့ညက တော်တော်နောက်ကျမှ အိပ်ဖြစ်ခဲ့ကြတာမဟုတ်လား။ ရေချိုးခန်းထဲမှ မှန်ရှေ့ကခုံပေါ်တွင်တင်ပေးလိုက်ကာ သွားတိုက်တံကို သူကိုယ်တိုင်ပဲသွားတိုက်ဆေးထည့်ပေးလိုက်သည်။

"ကိုယ်တိုက်ပေးရမှာလား "
"ဟင့်အင်း ကိုယ့်ဘာသာ တိုက်တတ်ပါတယ် သွားရှေ့ကစောင့်တော့"
မွန်းသည် အိပ်ချင်မူးတူးနဲ့ အခန်းတံခါးပေါက်ကိုလက်ညှိုးထိုးကာထွက်ခိုင်းလိုက်သည် ။

"မကြာစေနဲ့နော် အ၀တ်အစားထုတ်ပေးထားမယ်"

မွန်းက ခေါင်းသာညိတ်ပြ၍ သွားတိုက်ပြီး
မျက်နှာသစ်လိုက်သဖြင့် အိပ်ချင်ပြေကာ လူလည်းလန်းသွားသည်။ မျက်နှာကြည်လင်သွားမှ သူ့ကိုသေချာကြည့်မိလျှင် အနက်၀မ်းဆက်နဲ့ သူ့အသားဖြူဖြူတွေကထင်ရှားလွန်းနေသည်။

သိပ်ချောလွန်းတဲ့သူ့မျက်နှာကို ဘယ်ချိန်ကြည့်ကြည့်ရင်ခုန်မိတာ အမှန်ပါ။ စီးကရက်တစ်လိပ်လက်ကြားညှပ်ထားပြီး ပြတင်းပေါက်မှ မွန်းကိုလှည့်ကြည့်ကာ
"အင်္ကျီမြ န်မြန်လဲခဲ့ "
ဟုအမိန့်ပေးလိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now