Extra Part (4) Uni/Zawgyi

29K 761 56
                                    

အတ္တလွန်အချစ်

Extra Part 4

"ရတယ်... ဒါတွေကကိုယ်သယ်ခဲ့မယ် Baby အေးဆေးလိုက်ခဲ့မယ်"

ပလပ်စတစ်ဖျာတစ်လိပ်နှင့် ခြင်းတောင်းတစ်လုံးကိုင်ထားတဲ့ အတ္တဟာ အဖြူရောင်ဘောင်းဘီရှော့ပန်ကိုသာဝတ်ထားပြီး အပေါ်ပိုင်းမှာဗလာကျင်းဖြစ်၍ တံဘက်တစ်ထည်ကိုသာပုခုံးပေါ်၌တင်ထားသည်။

အတ္တသည် ပုဝါတစ်ထည်ခါးမှာပတ်စည်းထား၍ ခပ်ပါးပါးရှပ်တစ်ထည်ကိုအောက်ပိုင်းကြယ်သီး၂လုံးလောက်သာတပ်ပြီးဝတ်ထားသော ဆံပင်တွေကိုခေါင်းပေါ်သို့မြှောက်ထုံးနေသည့်မွန်းအား သူအပြင်ကနေစောင့်မည့်အကြောင်းပြောနေခြင်းဖြစ်သည်။

အတ္တက ဘန်ဂလိုဟောက်စ်ထဲမှာ ထွက်သွားပြီဖြစ်၍ မွန်းလည်း မျက်နှာကိုနေကာနိုင်မည့်ဦးထုပ်အဝိုင်းတစ်လုံးကိုဆောင်းလျှက် အတ္တနောက်သို့ပြေးလိုက်လာသည်။ ကမ်းခြေဘက်သို့သွားနေသူများမှာ မွန်းတို့တင်မဟုတ် အခြားသောအပန်းဖြေလာရောက်လည်ပတ်ကြသူများလည်း သူတို့ပစ္စည်းအသီးသီးကိုသယ်ဆောင်ပြီး နေပူဆာရှိသောကမ်းခြေဘက်သို့ဦးတည်နေကြသည်။

မွန်းသည် လေတိုက်လို့လွင့်တော့မည့် ခေါင်းပေါ်ကဦးထုပ်ကလေးကိုလက်တစ်ဖက်ဖြင့်ဖိရင်း အတ္တလက်ထဲကခြင်းတောင်းကိုလှမ်းယူလိုက်တဲ့အခါ အတ္တ မွန်းကိုငဲ့ကြည့်ပြီး

"ရပါတယ် Baby ရဲ့ ကိုယ်နိုင်ပါတယ်"

"မွန်းကူသယ်ပေးပါမယ် "

ဆိုကာ အတ္တ လွှတ်မပေးတဲ့ခြင်းတောင်းကလေးကို အတင်းဆွဲယူလိုက်ပါသည်။

ထို့နောက် ကမ်းခြေဘက်တွင် အဖြူနဲ့အပြာအစင်းကြားထီးကြီးတွေအောက်မှာ အသီးသီးအပန်းဖြေနေကြသော လူအစုများနှင့်အတူ
အခြားနေရောင်ခြည်အောက်တွင် နေရောင်ခံနေကြသော ဘိုမကလေးများဟာလည်းဆွဲဆောင်မှုရှိလွန်းလှသည်။ ရေထဲတွင် ကစားနေကြသူများ လှိုင်းစီးနေကြသော ဗလတောင့်တောင့်အနောက်နိုင်ငံသားများဟာလည်းမျက်စိမလွှဲချင်အောင်ကြည့်ကောင်းနေကြသည်။

အတ္တသည် လွတ်နေသော အဖြူနဲ့အပြာအစင်းကြားထီးတစ်ချောင်းရဲ့အောက်မှာ သူ၏လက်ထဲမှ ပလက်စတစ်ဖျာကိုခင်းလိုက်၏။ မွန်းကလည်း ခြင်းတောင်းကလေးကိုဘေးမှာချပြီး လက်နှစ်ဖက်ကိုမြှောက်ကာအညောင်းဆန့်လိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now