Part (21) Uni/Zawgyi

31.6K 1K 68
                                    

အတ္တလွန် အချစ်
အပိုင်း(21)

မွန်း မျက်နှာမကောင်းသလို ကြောက်လည်းကြောက်နေသည်။
ခုနက သူမသိအောင်ခိုးကြောင်ခိုးဝှက်အလုပ်တစ်ခုလုပ်ထားမိသည်မဟုတ်လား။

မွန်း သူ့အနားသို့ ခပ်စိတ်စိတ် ခြေလှမ်းတို့နှင့် ရောက်လာပြီး
"ရော့ "
သူ့ဆီသို့အင်္ကျီကိုထိုးပေးလိုက်သည်။

"မေးတာဖြေ ဘာလို့အဲ့လောက်ကြာနေတာလဲ "
သူဟာ အင်္ကျီလဲဝတ်ဖို့ ကြ ယ်သီးတို့ကိုဖြုတ်ရင်း မေးနေသည်။

"အဟွန်း  အောက်ဆင်း သေးတယ်လေ စားပြီးသားပန်းကန်တွေသွားပေးရသေးတယ်"
သူက မွန်းယူလာတဲ့လက်ရှည်အဖြူကို ၀တ်ရင်း မသင်္ကာသလိုကြည့်သည် ။

မွန်းသူ့အကြည့်နဲ့မဆုံအောင် မျက်နှာလွှဲထားရင်း ချွေးစေးတွေတောင်ပြန်နေသည်။

"မင်းဘာဖြစ်နေတာလဲ ကိုယ့်ကိုမလိမ်နဲ့နော် မင်းပုံစံကမူမှန်ဘူး"

အလိမ်မကျွမ်းကျင်တဲ့မွန်းခဗျာ သူခိုးလူမိသလိုဖြစ်နေလေတော့
"ကျွန် ကျွန်မ ဘာဖြစ်နေလို့ "

"ကိုယ့် မျက်လုံးတွေကိုတည့်တည့်ကြည့်ပြော မင်း ဘာတွေဖုံးတာလဲ"

အင်္ကျီကြယ်သီးမတပ်ရသေးတဲ့သူကမွန်း ရဲ့တံတောင်ဆစ်ကနေလှမ်းဆွဲ၍ သူ့ဘက်ကိုလှည့်စေ၏ ။

"ဟင့်အင်း  ကျွန်မ ဘာမှမလုပ်ဘူး "
သူမရဲ့ မျက်ရည်လေးတွေရစ်သီ နေတဲ့မျက်၀န်းလေးက လိမ်ညာနေလား  အမှန်တွေလား ဆိုတာကို အတ္တ အဖြေရှာနေသည်။

"လွှတ်ပါတော့  အရမ်းနာနေပြီ "
အတ္တက မျက်မှောင်ကုတ်ကြည့်နေရင်း ဖြေးဖြေးချင်း လွှတ်ပေးလိုက်တော့သူမက ရေချိုးခန်းထဲ၀င်ပြေးသွားသည် ။

အတ္တသည် ဖွာလက်စ စီးကရက်ကို နှုတ်ခမ်းတွင်ပြန်ချိတ်၍
မင်း ကိုယ်မသိအောင် ဘာတွေလုပ်လုပ်  ကိုယ့်ဆီကနေလွတ်လမ်းမရှိတာမို့ ခဏတဖြုတ်တော့ လွှတ်ထားပေးမယ်  ဟက် အပျင်းပြေပေါ့။

မွန်းသည် ရေချိုးခန်းတံခါးကို ကျောလေးကပ်မှီရင်း ရင်ဘက်ကိုလက်အစုံနှင့်ဖိကာ အသက်ပြင်းပြင်းရှူနေရသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now