Part (32) Uni/Zawgyi

30.1K 929 88
                                    

အတ္တလွန် အချစ်
အပိုင်း(32)

"သမီး မွန်းလေး မအိပ်သေးပဲကိုး မေတင်က အိပ်သွားပြီထင်နေတာ"
၀ရန်တာတွင် မတ်တပ်ရပ်နေသည့် မွန်းကိုမေတင်က စောင်တံဘက်လေးလာခြုံပေးသည်။

"အိပ်မပျော်ပါဘူး မေတင်ရယ်"
သူမရဲ့အသံတိုးတိုးလေးက ၀မ်းနည်းမှုတွေများစွာနဲ့ဆိုတာ မေတင်သတိထားမိပါသည်။

"သခင်လေး ပြန်မလာသေးလို့လား"
မွန်းက တစ်ခြမ်းသာနေသော လမင်းကြီးကို အတ္တအမှတ်နှင့်များငေးနေမိလေ သလား။

"သူက မွန်းကို ဂရုမစိုက်တော့ဘူး!"

ငိုသံပါလေးနဲ့ပြောလာသဖြင့် မေတင်က သူမ၏ရင်ခွင်မှာ ပိုက်ထွေးထားရင်း
"သခင်လေးက အလုပ်ရှုပ်နေလို့နေမှာပါသမီးရယ်"

"မွန်း နားလည်ပါတယ် ဒါပေမဲ့လေ မွန်းကိုအကြိုးအကြောင်းတော့ပြောပေါ့ အခုဆို မွန်းကိုအရုပ်တစ်ရုပ်လိုပဲ ပစ် ပစ်ထားတယ်"

မျက်ရည်တွေဝေ့၀ဲလာသည်ကို လက်ဖမိုးလေးဖြင့်ဖိပွတ်ရင်း မဲ့မဲ့လေးဖြစ်နေသည်အား မေတင်က စိတ်မကောင်းသလို ငုံ့ကြည့်၍ ပုခုံးလေးအား ဖွဖွလေးပုတ်ပေးကာ

"သခင်လေးက မွန်းလေးကိုချစ်ရှာပါတယ်ကွယ်  "

"ချစ်တယ်? သူမွန်းကိုအဲ့လိုတစ်ခါမှမပြောဖူးဘူး မွန်းမညာပါဘူး သူ့ကိုရင်တွေခုန်တယ်သူ့ဂရုစိုက်မှုတွေ သူ့ယုယမှုတွေကိုသိပ်သဘောကျတာ ဟင့် အဟင့် ခုကျ မွန်းကိုပစ်ထားတာ ဘယ်လောက်တောင်ရှိပြီလဲ"

"အို မငိုပါနဲ့ သမီးရယ် လာလာ မေတင် အခန်းထဲလိုက်ပို့မယ် လာ"
မေတင်က တွဲခေါ်ပေးရင်း မွန်းရဲ့အခန်းထဲကိုလိုက်ပို့ပေးသည်။

"အိပ်ပျော်အောင်အိပ်နော်သမီး  ငိုမနေနဲ့  သခင်လေးက သမီးကိုချစ်တယ်ဆိုတာ မေတင်တောင်ဘေးကနေကြည့်ပြီးသိတယ် "
မွန်းခေါင်းသာညိတ်ပြပြီး မွေ့ယာပေါ်မှာလှဲချလိုက်သည်။

=====================

"သခင်လေး  "
"အင်း အလင်း ၀င်ခဲ့"
စီးကရက်နှင့် Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် အတ္တဖြစ်ပါသည်။

"မပြန်သေးဘူးလား မမလေး မျှော်နေရောပေါ့ သခင်လေး အိမ်မပြန်တာ ၂ရက်ရှိပြီ"
အတ္တသည် လက်ကနာရီတစ်ချက် ငုံ့ကြည့်လိုက်လိုက်တဲ့အခါ ည ၁၀ နာရီထိုးပြီးနေပြီဖြစ်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now