Part (43) Uni/Zawgyi

29.3K 920 119
                                    

အတ္တလွန် အချစ်
အပိုင်း(43)

"မင်းဆုံးဖြတ်ပါ Baby ! ကိုယ့်မှာအချိန်မရှိဘူး"

မွန်းရဲ့မျက်န်းလဲ့လဲ့တွေကို အတ္တမမြင်တာများလား။
မွန်းသည် သူမကို သေနတ်ဖြင့်ချိန်ထားသော အတ္တထက် အတ္တကိုသေနတ်ဖြင့်ချိန်ထားသော ဂျော်နီကိုသာ ကြောက်ရွံ့စွာကြည့်နေသည်။

အတ္တသည်သူမကိုသတ်ပစ်ရက်လိမ့်မည်ဟု သူမ မထင်ပါ။ ဒါပေမဲ့ ဂျော်နီကတော့အတ္တကိုတကယ်ပစ်သတ်မည့်ပုံ။

"ဟေး ဂျော်နီ!"

ရုတ်တရက်ကြားလိုက်သော မြူးထူးစွာခေါ်လိုက်တဲ့ အသံကြောင့် ဂျော်နီ နောက်သို့လှည့်ကြည့်လိုက်သည့်အချိန်မှာ အဖေဖြစ်သူဒေးဗစ်ကို လည်ပင်းမှဖက်ကာ သေနတ်နှင့်ချိန်၍ ကားထဲမှထုတ်လာသောအလင်းနှင့်အတူ အတ္တတို့၏အဖွဲ့မှာ လူများသည် အတ္တကိုဝိုင်းထားသောဂျော်နီ့ရဲ့လူများနှင်ညီတူညီမျှလောက်ဖြစ်မည့်အပြင် သူတို့ကိုလည်းသေနတ်ဖြင့်အဆင်သင့်ချိန်ထားသော​ကြောင့် ဂျော်နီနှင့်ထိုလူများအာရုံဝေဝါးနေချိန် အတ္တက အလင်းကို ဖျက်ကနဲပြုံးပြလိုက်ကာ

"Baby ငုံ့!"

အတ္တသည် မွန်းလက်ကိုလှမ်းဆွဲ၍ တစ်ပတ်လှည့်ကာရင်ခွင်ထဲထည့်လိုက်ရင်း

ဒိုင်း ဒိုင်း ဒိုင်း!

၀ိုင်းထားတဲ့လူတွေကို သေနတ်နှင့် ဆက်တိုက်ပစ်လိုက်သည်။
သေနတ်သံကြောက်တတ်သောသူမက အတ္တ ရင်ခွင်ထဲမှာ နားပိတ်ကာ ခေါင်းငုံ့ထားရသည်။

ဂျော်နီက သူ့အဖေကိုသေနတ်နှင့်ချိန်ထားသောအလင်းကိုသာမဲနေသည်။

အတ္တသည် နာရီကြည့်လိုက်ကတည်းက အလင်း ကသူတို့နဲ့နီးလာပြီဆိုတာသိရသည်။ နာရီ ထဲမှာအချက်ပေးစနစ်တပ်ထားသည်အား မည်သူသိမည်နည်း။

အလင်းဘက်ကပါလာသော လူများလည်း ဂျော်နီ့အဖွဲ့များနှင့်တိုက်ခိုက်ကုန်ကြသည်။

အတ္တလည်း သူမကိုလက်မှတင်းနေအောင်ဆွဲကာ

"Baby ကိုယ်နဲ့လိုက်ခဲ့ပါ ကိုယ် ကတိပေးတယ် မင်းကိုလွှတ်ပေးမယ် ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ "

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now