Extra Part (6) Birthday Present

27.4K 819 71
                                    

Extra Part (6)

11. 11. 2022

"ဟုတ်ပြီ....ကျွန်တော်ကြိုးစားပေးပါ့မယ် ဒီပရောဂျက်က အောင်မြင်နိုင်မယ်လို့လည်းမြင်ပါတယ်"

အတ္တဟာ သူတို့ကုမ္ပဏီရဲ့ပရောဂျက်အသစ်အတွက် ရင်းနှီးမြှုပ်နှံမှုပေးမယ့်သူဌေးတစ်ယောက်နှင့် နှစ်ဦးတည်းအပြင်မှာသီးသန့်တွေ့ဖြစ်သည်။

ဒီသူဌေးဟာပြောရဆိုရအနည်းငယ်လက်ပေါက်ကပ်တဲ့လူမို့ Resturent ကPravite Room ထဲမှာ အသေးစိတ်ရှင်းပြနေရတာကြာပြီဖြစ်သည်။

"ကျုပ်သဘောပေါက်ပါတယ် မောင်အတ္တလွန် မင်းကအချိန်ခဏလေးအတွင်းမှာ တဟုန်ထိုးတိုးတက်လာအောင်စွမ်းဆောင်နိုင်တဲ့စီးပွားရေးအမြင်ရှိတဲ့လူငယ်တစ်ယောက်ပဲ ဒါပေမဲ့ကျုပ်ဘက်ကနေကြည့်ရင်လည်း မင်းနဲ့အခုမှအလုပ်တွဲလုပ်မှာဆိုတော့......"

"စိတ်ချပါ အန်ကယ် ကျွန်တော်ကပြောရင်ပြောတဲ့အတိုင်းအကောင်အထည်ဖော်တဲ့ကောင်ပါ လုံးဝအရှုံးမပေါ်စေရဘူးလို့အာမခံတယ် "

ထိုလူက ခေါင်း၂ချက်ညိတ်ပြီး

"ကဲပါ...ကော်ဖီသောက်ပါဦး အေးကုန်ပြီထင်တယ် "

အတ္တလည်း သူ့ရှေ့မှာရှိနေသော အဖြူရောင်ကြွေခွက်ကလေးကိုလှမ်းယူပြီး အေးစက်နေသောကော်ဖီအားတစ်ငုံငုံသောက်လိုက်သည်။

"မနက်ဖြန်ကျရင် ကျုပ်အတွင်းရေးမှူးကိုအကြောင်းကြားခိုင်းလိုက်ပါ့မယ် ဒီနေ့တော့ ကျုပ်လည်းချိန်းထားတာရှိလို့ပြန်ခွင့်ပြုပါဦး"

"ဟုတ်ပါပြီ ကျွန်တော်စောင့်နေပါ့မယ် ကောင်းကောင်းပြန်ပါဗျ"

အတ္တကလည်း Roomထဲကထွက်သွားသူကိုနှုတ်ဆက်လိုက်ပြီးအပြင်ကနေစောင့်နေတဲ့ အလင်းက Room ထဲ ဝင်လာတဲ့အခါမှ ကုလားထိုင်နောက်သို့ ပင်ပန်းစွာနဲ့မှီချပစ်လိုက်သည်။

"ဟား....တော်တော်လက်ပေါက်ကပ်တဲ့ဘိုးတော်ကွ ငါညှိနှိုင်းဖူးတဲ့အထဲဘယ်သူမှဒီလောက်မပြောရဘူးကွာ ဒီတစ်ခါမင်းကိုလတ်ကိုယုံစားမိတာမှားတာပဲ"

"ဘာတဲ့လဲ သခင်လေး သဘောမတူဘူးတဲ့လား"

အလင်းက စားပွဲရှေ့ကနေလက်ကိုနောက်ပစ်၍မတ်တပ်ရပ်ကာ ခါးအနည်းငယ်ကိုင်း၍မေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now