Part (6) Uni/Zawgyi

35.7K 1.2K 27
                                    

အတ္တလွန် အချစ်
အပိုင်း(6)

အတ္တသည်လက်ထဲက စီးကရက်ကိုတစ်ရှိုက်ဖွာလိုက်ကာ ဘေးမှပြာခွက်ထဲသို့ ထည့်လိုက်၍
ခြေချိတ်ထိုင်နေရာမှ ထလာ၏ ။

မွန်းရဲ့ခြေလှမ်းတွေ နောက်ဆုတ်သွားရာ
သူက ပုခုံးကနေ လှမ်းဆွဲ၍ သူတစ်ယောက်တည်းသာ ထိုင်ခွင့်ရှိတယ်ဆိုတဲ့ထိုဆိုဖာကြီးပေါ်သို့ ပုခုံးမှဖိချလိုက်လျှင် ဆိုဖာကြီးထဲသို့မွန်းရဲ့တင်ပါးကလေးအိခနဲနစ်ဝင်သွားရသည်။

"ခဏနေ မင်း သူငယ်ချင်း နဲ့ဖုန်းပြောရမယ် "

"ရှင် နဒီ နဲ့ နဒီနဲ့လား.."

မွန်းမှာ အတ္တကိုမော့ကြည့်ပြီး လှုပ်လှုပ်ရှားရှာဖြစ်သွားသည်။

"မင်းသူငယ်ချင်းရဲ့အသက်က ငါတို့လက်ထဲမှာ မင်းကိုမရှာဖို့ပဲပြော ကျန်တာအရစ်မရှည်နဲ့ "

နဒီ့ရဲ့အသက်ကသူတို့လက်ထဲမှာဟုပြောလိုက်တဲ့အခါမွန်းသည် နဒီ့အတွက်စိုးရိမ်ပူပန်သွားရသည်။

"ရှင် ကျွန်မ သူငယ်ချင်းကိုဘာလုပ်မလို့လဲ ကျွန်မ လုံး၀သည်းခံမဟုတ်ဘူးနော် "

ကိုယ်ဟာအခုလောလောဆယ်ပြန်ပေးစွဲခံထားရတာကိုပင်မေ့လျော့စွာ သူငယ်ချင်းကိုကာကွယ်ပေးဖို့ကြိုးစားနေမိသည်။

"ဘယ်လုပ်မလဲသိချင်ရင် မင်းစကားအပိုတွေပြောကြည့်လိုက်လေ "

"တောက်!"
သူမက အောက်နှုတ်ခမ်းလေးကို ကိုက်ကာ သူ့ကို မျက်စောင်းထိုးပစ်လိုက်၏ ။

"သူမေးတာကို ကောင်းကောင်းဖြေ အလိုက်သင့်ကလေးပေါ့ မင်းဘယ်မှာလဲဆိုတာအမှန်တိုင်းပြောဖို့မလိုဘူး"

မင်းကိုလတ်က သူ့သူငယ်ချင်းကိုအယုံသွင်းဖို့ ဖုန်းပြောခိုင်းရန်အကြံပေးတာနဲ့ အတ္တလက်ခံလိုက်ခြင်းဖြစ်သည်။

သူက မွန်းရဲ့ဘေးမှာရှိတဲ့ စားပွဲပေါ်က ကြိုးဖုန်းကိုယူကာဖုန်းခေါ်လိုက်ပါသည်။

မွန်းသူထိုင်ခိုင်းထားတဲ့အတိုင်းငြိမ်ငြိမ်ထိုင်နေပေမဲ့ စိတ်တွေလှုပ်ရှားပူလောင်လျှက်ရှိသည်။

သူငယ်ချင်းနဒီ့ကိုတော့ဒုက္ခမရောက်စေချင်
တစ်သက်လုံးသူမအပေါ်မှာ နဒီ့ကျေးဇူးတွေဟာအများကြီးရှိသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now