Part (22) Uni/Zawgyi

30.7K 987 81
                                    

အတ္တလွန် အချစ်
အပိုင်း(22)

အတ္တသည် အလင်းရှိတဲ့ကားနားသို့ လျောက်လာခဲ့သည် ။
"သွားစို့ အလင်း "
တကယ်လို့ ဒီနေ့ဂျော်နီနဲ့သာ ချိန်းမထားရင်
အခုလို အပြင်ထွက်ဖြစ်မှာမဟုတ်။ သူမရဲ့ပြုစုယုယမှုတွေကိုနှစ်သက်တာမို့ အိပ်ယာထဲကတောင်ထဖြစ်မည်မထင်ပါ။

=====================

သူချိန်းတဲ့ Bar ကိုရောက်လျှင်သီးသန့် VIP အခန်းထဲမှာ မိန့်မိန့်ကြီး ပုလင်းထောင်၍ထိုင်နေသည့် ဂျော်နီက အတ္တ တံခါးဖွင့်၍ ၀င်လာသည်နှင့် မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။အတ္တကတည်တံ့လွန်းသည့်မျက်နှာထားနှင့် သူ့ရှေ့မှာ၀င်ထိုင်လိုက်ပြီး

"မင်း မချိန်းတောင် ငါက ချိန်းဖို့စိတ်ကူးထားတယ်"
အတ္တက အရင်ဖွင့်ဟလိုက်သည်။

"ဆိုပါဦး ဘာအတွက် "
အတ္တသည် ဂျော်နီ့ရှေ့က အမှုန့်တွေပါတဲ့ စီးကရက်အဖြူတစ်လိပ်ကို နှုတ်ခမ်းမှာ တပ်ဆင်လိုက်သည့်အခါ ဂျော်နီက မီးခြစ်ထုတ်ပေးလိုက်သည်။

အငွေ့တွေကိုတစ်ချက်ရှိုက်ထုတ်လိုက်လိုက်ကာ လက်ကြားထဲက စီးကရက်ကိုနှစ်သက်စွာတစ်ချက်ကြည့်လိုက်သည်။ဆေးမချရတာကြာပြီမဟုတ်လား။

"မင်းလုပ်တဲ့ကိစ္စ မင်းသိမှာပါ"
အတ္တက ပြောပြီး စီးကရက်ကိုနောက်တစ်ရှိုက်ထပ်ဖွာသည်။

"ငါက မေသုခ ကိစ္စပြောမလို့"
ဂျော်နီဟာ အတ္တရဲ့စကားကိုအသိအမှတ်မပြုဘဲ လမ်းကြောင်းလွှဲလိုက်သည်။

ဂျော်နီ့ပါးစပ်ကထွက်လာသည့် မေသုခဆိုတဲ့နာမည်ကြောင့် အတ္တကစိတ်ဝင်စားစွာနားထောင်နေသည့်အခါ
"ကြည့်ရတာ မင်းမသိသေးဘူးထင်တယ်"

မေက ဘာပဲဖြစ်ဖြစ် သူ့ကိုအားလုံးပြောပြတာပါ။ ဒီတစ်ခါ ဘာလို့ဂျော်နီကအရင်သိနေရတာလဲ။

"မေသုခ မနေ့ကပဲ အိမ်ရာမဲ့ ဖြစ်သွားတယ် "

အတ္တရဲ့မျက်ခုံးတွေကတွန့်ချိုးကျသွားပြီး
"မင်း ကိုဘယ်သူပြောလဲ"

ဒါဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ကိစ္စ။
မေ့ လိုဆရာ၀န် တစ်ယောက်က ဘာကိစ္စ အိမ်ရာမဲ့ဖြစ်ရမှာလဲ။အန်ကယ်ဂျွန်ကလည်း မေ့ကိုဒီလိုအဖြစ်ခံမှာမဟုတ်ဘူး။
မေသုခက ဒီလိုဂိုဏ်းတွေအတွက်သီးသန့်ဆရာ၀န်မဟုတ်လား။မေသုခရဲ့ အဖေ ဂျွန် သည်လည်း ဂိုဏ်းခေါင်းဆောင်ပဲလေ။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now