Part (15) Uni/Zawgyi

33.8K 1.1K 63
                                    

အတ္တလွန် အချစ်
အပိုင်း(15)

မွန်းကို သူဖမ်းချုပ်ထားခဲ့သည်မှာ ဆောင်းအကုန်နွေအကူးသို့ပင်ကူးပြောင်းလာခဲ့သည်။

ဒီနေမွန်းတည့်ချိန်ရဲ့ ပူလောင်မှုဟာ ဒီလိုအရိပ်ကောင်းလှသည့်အိမ်ကြီးထဲမှာပင် ခပ်နွေးနွေးဖြစ်သည်။

မနက်ခင်းနဲ့ညနေဆောင်းတွင်သာအေးလေ့ရှိပြီး ရာသီဥတုရဲ့ ပျက်ပြားခြင်းမျိုးခေါ်မလား။

ဒီအခန်းကြီးထဲကနေ အပြင်မထွက်ဖြစ်တဲ့ မွန်းအတွက်တော့ ခြံ၀င်းထဲကိုမြင်ရသည့် မှန်ပြတင်းပေါက်ကလေးကသာ သူမရဲ့အဖော်
ခြံဝင်းလယ်က မယ်ဇယ်ပင်ကြီးအောက်တွင်ရှိသည့် ယိုင်နဲ့နဲ့သစ်သားခုံကလေးဟာ အထီးကျန်စရာ
အရိပ်ကောင်းတဲ့အပင်ကြီးတစ်ခုဖြစ်၍
မွန်းရင်ထဲမှာကြည့်ရုံဖြင့်အေးချမ်းသွား၏။

"အဲ့ဒီ သစ်သားထိုင်ခုံလေးသာ အဖြူရောင်ဆေးလေးသုတ်ထားရင် ဘယ်လောက်ကြည့်ကောင်းလိုက်မလဲ"

ဘာမှလုပ်စရာမရှိတဲ့သူမက ခြံ၀န်းထဲကိုပဲ ကြည့်ကာ တစ်ခုချင်းဝေဖန်နေမိသည် ။

အနည်းငယ်ဆွေးရိပ်သမ်းနေသော ထိုခုံလေးက မွန်းရဲ့စိတ်ထဲမှာ တကယ်ပဲ အထီးကျန်ဖို့ကောင်းသည် ။

"မွန်းလိုပဲ မွန်းလည်း ဒီအခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်တယ် "

သူမရှိတုန်း အဲ့ဒီခုံကလေးဆီသွားရန်စိတ်ကူးပေါ်လာတာနဲ့ သူမဟာ ဒူးဖုံးဂါ၀န်လေးဖြင့် လှေကားကိုမြူးထူးစွာ ပြေးဆင်းလာသည်။

"မမလေး ဘာတွေပြုံးနေတာလဲ"

သက်သက် က တံမြက်စည်းလှည်းရင်းမေးလိုက်သည်။

"ဟင် မွန်း ခြံထဲသွားမလို့"

"ရှင်!"

သက်သက်ကြည့်ရတာ မသက်မသာဖြစ်သွားပုံရပြီး တစ်ယောက်ယောက်ကိုအကူအညီတောင်းချင်သောအကြည့်မျိုးနဲ့ဒေါ်မေတင်ကိုလှမ်းကြည့်သည်။

"ဘာဖြစ်လို့လဲ သက်သက်ရဲ့"

"ဟင် "
မွန်းလည်း အိမ်ကြီးရဲ့ တံခါးရှိရာသို့ လျောက်သွားသည့်အခါ အပေါက်၀က လူ၂ယောက်
မွန်းရှေ့ကပိတ်ရပ်သည် ။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now