Extra Part (3) Uni/Zawgyi

28K 790 119
                                    

အတ္တလွန်အချစ်

Extra Part 3

"Baby အဆင်ပြေရဲ့လား ခေါင်းမူးနေသေးလား"

အတ္တသည် ၁၉နာရီကျော်လေယာဥ်စီးလာရသောကြောင့် မျက်နှာသိပ်မကြည်တဲ့ ချစ်ဇနီး​လေးကို မေးလိုက်သည်။

"ပြေပါတယ် "

ဟု မွန်းက သူမ၏လက်ဂေ့ချ်တစ်လုံးပေါ်မှာထိုင်နေပြီး နောက်တစ်လုံးကို လက်နှင့်ကိုင်ထိန်းထားလျှက်ခပ်ညှိုးညှိုးလေးပြန်ဖြေပါသည်။

သူမတို့ နေမွန်းတည့်ချိန်မှာ မိုင်ယာမီသို့လေယာဥ်ဆိုက်၍ အတ္တကြိုတင်စီစဥ်ထားသော အငှားကားနှင့်အတူ ဘိုကင်ယူထားသည့် ကမ်းခြေနှင့်အနီးဆုံး ဘန်ဂလိုဟောက်စ်သို့လာခဲ့ခြင်းဖြစ်သည်။

အတ္တသည် ကဒ်နှင့်အခန်းကိုသော့ဖွင့်လိုက်ပြီး နေပူရှိန်ကြောင့် မျက်ခုံးလေးရှုံ့နေတဲ့ မွန်းကိုလှည့်ကြည့်ရင်း သူမကိုင်ထားတဲ့ လက်ဂေ့ချ်ကို လှမ်းဆွဲလိုက်ကာ သူမထိုင်နေသည့် တစ်လုံးကိုတော့ အရှိန်ဖြင့်အိမ်ထဲသို့တွန်းပို့လိုက်ရာ

"အဲ...."

မွန်းမှာ လက်ဂေ့ချ်ပေါ်၌ခြေကားယား လက်ကားယားလေးပါသွားရသည်။

ဟော့စ်တစ်ခုလုံးကိုငှားထားတာမို့ အကျယ်ကြီးဖြစ်ကာ အိမ်ရဲ့အပြင်အဆင်ဟာလည်း ပင်လယ်နှင့်လိုက်ဖက်သော အပြာနုရောင်တွေကိုသာအသုံးပြုထားသည်။ အဝင်တံခါးရဲ့ဘေးမှာတော့မှန်နံရံတွေကိုအသုံးပြုထား၍ ပင်လယ်ပြာကြီးနှင့်အတူကမ်းခြေရဲ့ရှုခင်းကိုကောင်းကောင်းကြီးကြည့်ရှုခံစားနိုင်သည်။
ဧည့်ခန်းထဲတွင်မီးခိုးရောင်ဆိုဖာကြီးတွေရှိနေပြီး ထိုဆိုဖာကြီးများရဲ့ရှေ့၌ ၂၄လက်မTVအပြားကြီးကိုတွေ့ရသည်။
ဘယ်ဘက်အခြမ်းမှာတော့ မီးဖိုခန်းသဖွယ်ချက်ပြုတ်နိုင်သည့်ပစ္စည်းများကိုထားရှိပေးသည်။

မွန်းမှာ အတ္တတွန်းလိုက်တဲ့လက်ဂေ့ချ်နှင့်အတူပါသွားရသည်မှာ ဟောက်စ်ရဲ့တစ်ဖက်အဆုံးမှာရှိသောအခန်းတံခါးရှေ့အထိဖြစ်သည်။
မွန်းက သူမကိုအဲ့သလိုတွန်းလွှတ်ရမလားဆိုတဲ့မျက်နှာနှင့် အိမ်ထဲသို့သူ၏လက်ဂေ့ချ်ကိုဆွဲပြီးဝင်လာသည့် အတ္တအားပြူးကြည့်နေသဖြင့်
အတ္တက သွားတန်းဖွေးဖွေးကလေးများပေါ်တဲ့အထိ တဟားဟားရယ်နေသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now