Extra Part (2) Uni/Zawgyi

29.5K 870 174
                                    

အတ္တလွန်အချစ်

Extra Part 2

နဒီဟန်နီးမွန်းက ပြန်ရောက်တာနဲ့ မွန်းသည် အတ္တရဲ့အိမ်သို့လာခဲ့ဖို့ ဖိတ်ခေါ်လိုက်သည်။
မွန်းသည် သူမလူမှန်းသိတတ်စအရွယ်ကတည်းက နဒီနဲ့သာခင်တွယ်ခဲ့ရပြီး သူမရဲ့သူငယ်ချင်းထက်ပိုသည့် တစ်ဦးတည်းသောမိသားစုဝင်တစ်ယောက်ဖြစ်စေကာမူ
သူမလက်ထပ်မယ့်အမျိုးသားကိုလည်း နဒီနဲ့ပေးတွေ့ရမည်။

နဒီ့ကို အတ္တနဲ့မိတ်ဆက်ပေး၍ အကျိုးအကြောင်းကုန်စင်ကို လျှိုဝှက်ထားခြင်းမရှိရှင်းပြခဲ့သည်။ သူမ အတ္တကြောင့်ဘယ်လောက်အထိတောင်ခံစားခဲ့ရသလဲ ဆိုတာနဒီကအသိဆုံးဖြစ်သဖြင့် အတ္တနဲ့ပြန်ပေါင်းထုတ်ဖို့ကို မကန့်ကွက်ပေမဲ့သူငယ်ချင်းဖြစ်သူမွန်းတစ်ယောက် အရင်ကလိုပြန်ပြီးခံစားရမှာကိုတော့စိတ်ပူနေသည်။

ဒါပေမဲ့ အတ္တသည် မည်သို့မည်ဖုံ ကတိအထပ်ထပ်ပေးခဲ့ကြောင်း သူမစိတ်ကြိုက်ကုန်စင်ဖြစ်စေရမည့်အကြောင်းအား သေချာပြောပြပြီးနဒီ့ကိုစိတ်မကောင်းမဖြစ်စေရန်ရှင်းပြလိုက်ပါသည်။ ထိုအခါ မွန်းကလည်း အတ္တဆီမှာပဲတစ်သက်လုံးနေတော့မည်ဖြစ်သလို နဒီဟာလည်းသူမရဲ့အမျိုးသားနှင့်ကွန်တိုမှာပြောင်းနေသဖြင့် အရင်ကသူမတို့၂ယောက်နေခဲ့သောအိမ်ကလေးဟာ အခုတော့သော့ပိတ်ထားရလေပြီ။

.
.
.
.

အတ္တသည် မွန်းအတွက် Wedding Dress ကို နာမည်ကြီးဒီဇိုင်နာနှင့်အပ်ပေး၍ သူမလိုချင်သောပုံကို သီးသန့်ချုပ်ပေးစေသည်။

Wedding Dayကိုလည်း သူတို့စတွေ့ခဲ့သောရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၆ရက်နေ့ကို ရွေးလိုက်ကြ၏။

အတ္တသည်လည်း မင်္ဂလာကိစ္စရောမင်္ဂလာဆောင်ပြီးလျှင်လည်းအေးအေးဆေးဆေးဟန်းနီးမွန်းမှာ နောက်ဆံမတင်းပဲအနားယူချင်သောကြောင့် ကုမ္ပဏီကအလုပ်တွေကို အလင်းကိုလက်လွှဲထားလို့ရလောက်တဲ့အထိ ပြီးပြတ်အောင်ကြိုးစားပမ်းစားလုပ်နေရပြီး အားသည်မရှိရပါ။

အိမ်ကိုနောက်ကျမှပြန်ရောက်လေ့ရှိပေမဲ့ အရင်ကလိုတစ်ယောက်တည်းအထီးကျန်မနေရဘဲ ချစ်ရသောအဖိုးတန်ဇနီးလောင်းကလေးက နေ့တိုင်းထွက်ကြိုလေ့ရှိသောကြောင့် အမောပြေရသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now