Part (26) Uni/Zawgyi

31.8K 1K 150
                                    

အတ္တလွန် အချစ်
အပိုင်း(26)

သူမရဲ့ ပုခုံးနှစ်ဖက်မှာ ဆွဲညှစ်ခံလိုက်ရ၍
"ရှင် မကြားလို့လား အ...နာတယ် "

သူမကိုထပ်ပြီးတော့လည်း နာကျင်အောင် မလုပ်ချင်သလို ဒီလိုအခြေအနေကြီးကိုလည်းမကြိုက်ပါ။ သူမကျေနပ်အောင်ချော့ပေးမယ် လို့ဆုံးဖြတ်ပြီးသားမို့ အတ္တ မျက်လွှာချပြီး သူမကိုလွှတ်ပေးကာ

"နောက်တစ်ခါ ကိုယ့်နားကနေထွက်သွားပါမယ်ဆိုတဲ့ စကားမျိုး ထပ်မပြောနဲ့ သတိပေးပြီးသွားပြီ မင်းထပ်ပြောတဲ့အခါ ကိုယ်ဘာလုပ်မယ်ဆိုတာမင်းသိမှာပါ ဒီတစ်ကြိမ်ခွင့်လွှတ်ပေးမယ် မင်းအခန်းကိုပြန်တော့"

အတ္တဟာ သူမကိုကျောပေးပြီးခါးထောက်ကာဆိုလိုက်သည်။ မွန်းသည် သူ့ကျောပြင်ကိုငေးမိနေရင်း သူဒီလိုစကားမျိုးဆိုတော့လည်း ရင်ထဲမှာ အမည်မသိတဲ့ခံစားချက်မျိုး၀င်လာရသည်။ အမြဲတမ်းကိုယ့်အပေါ်ကိုကြမ်းတမ်းပြီး အနိုင်ယူနေကျသူက အလျော့ပေးနေတော့ နေသားမကျသလိုခံစားရသည်။

ဘာပဲဖြစ်ဖြစ် သူအလျော့ပေးတုန်း ထွက်သွားရမှာပဲ။ မွန်းဟာ လှည့်ကာ ထွက်သွားသည့်အခါတွင် အတ္တ လည်း စီးကရက်မီးညှိပြီး ဖုန်းကောက်ဆက်လိုက်၏။

"အလင်း ခဏလာခဲ့"
မကြာပါဘူး သခင်လိုအပ်ရင် အသင့်ဆိုတဲ့အလင်းက အခန်းတံခါးပိတ်မထားတာကြောင့် ၀င်လာခဲ့၏။

"ဘာခိုင်းစရာရှိလို့လဲ သခင်လေး"

"မနက်ဖြန်ပြင်သစ်ကိုထွက်မယ့် လေယာဉ်လက်မှတ် ၂စောင်ရချင်တယ် "

"သခင်လေးနဲ့မမလေး ၂ယောက်တည်းလား"

"အင်း မင်းကဒီကအလုပ်တွေ ဆက်ရဦးမယ်"

"ဒါပေမဲ့..."

"ငါ ငါ့ကောင်မလေး အတွက်တော့ ကာကွယ်နိုင်ပါတယ် မင်းနေခဲ့လို့ဖြစ်တယ်"

ဘယ်ချိန်မဆို အတိုက်အခိုက်ကင်းသည့်သူမဟုတ်တာကြောင့်အမြဲ Bodyguardဖြင့်သွားလာရသူဖြစ်ပြီး များများစားစားမပါရင်တောင် အလင်းကအနားမှာရှိနေရတယ်မဟုတ်လား။ ဒါဟာ အလင်းမပါပဲ ပထမဆုံးအကြိမ်ခရီးထွက်ခြင်းမျိုးဖြစ်ခဲ့ပါလျှင်

"ဟုတ်ကဲ့ သခင်လေး ဖုန်းဆက်တာနဲ့ ကျွန်တော် ချက်ချင်းလိုက်ခဲ့ပါ့မယ်"
ဦးညွတ်၍ အလင်းပြန်ထွက်သွားပါသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now