Extra Part (5) Uni/Zawgyi

36K 853 97
                                    

အတ္တလွန်အချစ်

Extra Part 5

မွန်းသည် အတ္တကလည်း မူကြိုဆရာမအဖြစ်မှထွက်ခိုင်းသလို သူမကိုယ်တိုင်လည်းသိပ်အဆင်မပြေသောကြောင့်အလုပ်ထွက်ခဲ့ပေမဲ့ အိမ်မှာ အလကားတော့မနေဖြစ်ပါ။

အတ္တက သူမစိတ်ကြိုက်အားလုံးစီစဥ် ပြုလုပ်ခွင့်ပေးထားသည်ဖြစ်လေရာ ဟိုးအရင်ကတည်းက စာဖိုမှူးတစ်ယောက်ဖြစ်ချင်ခဲ့သူမို့
သူမစိတ်ကူးထဲကအတိုင်း U tube မှာ Cooking Channel တစ်ခုထောင်လိုက်၍ ၃ရက်တစ်ခါ စားသောက်ဖွယ်ရာမျိုးစုံကို အတ္တရဲ့အိမ်မှကြီးကျယ်လာသောမီးဖိုခန်းကိုအသုံးပြုကာ Video ရိုက်ပြီးတင်လေ့ရှိသည်။

မနက်ခင်းတွင် အတ္တကို ကုမ္ပဏီသွားဖို့ ဇနီးဝတ်တရားအားလုံးကျေပွန်စွာလုပ်ကိုင်ပေးပြီးလျှင် နေ့လည်နေ့ခင်း သူမလည်းအားနေသောကြောင့် ညနေခင်ပွန်းသည်ပြန်လာလျှင်စားစေချင်သောအစားအသောက်တစ်ခုခုကို အမြဲချက်ပြုတ်ထားလေ့ရှိသည်။

တစ်ချိန်အတ္တစိတ်ကူးယဥ်ခဲ့သလိုမျိုး အခုဆိုနေ့တိုင်း သူမရဲ့လက်ရာထမင်းဟင်းနှင့်စားဖွယ်စုံကိုစားနေရပြီဖြစ်သည်။

မေတင်နှင့်သက်သက်မှာ မွန်းရောက်လာကတည်းက အကူသပ်သပ်သာဖြစ်သွားပြီးမီးဖိုချောင်ကိစ္စနှင့်ပတ်သတ်၍မွန်းကပဲတာဝန်ယူထားလေ့ရှိပါသည်။

"ဟုတ်ကဲ့...အခုဆိုရင် ချိုချိုမွှေးမွှေး ဖရုံသီးကြက်သားပေါင်းလေးကို နူးညံ့အိစက်စွာစားသုံးလို့ရပါပြီရှင် ကဲ...ဒါဆိုရင် ဒီနေ့တော့ဒီလောက်ပါပဲနော် အားလုံးပဲစနေနေ့မှာပြန်တွေ့ကြမယ်နော် "

သက်သက်ကို Camera ပိတ်လိုက်ဖို့အချက်ပြ၍ မွန်းသည်ခါးက Apron လေးကိုချွတ်လိုက်သည်။

ထို့နောက် အနောက်ကနေပွဲကြည့်ပရိတ်သတ်မေတင်နှင့် ကင်မရာမန်းလုပ်ပေးရသောသက်သက်အား သူမချက်ထားတဲ့ ရွှေဖရုံသီးကြက်သားပေါင်းကလေးကိုမြည်းကြည့်ဖို့ခေါ်လိုက်သည်။

"အရမ်းကောင်းတယ်မမလေး..သက်သက်အရင်ကဒါမျိုးတစ်ခါမှမစားဖူးဘူး "

သက်သက်က လက်မထောင်ပြီး အားရပါးရချီးကျူးစကားဆိုလိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now