Part (30) Uni/Zawgyi

32K 970 70
                                    

အတ္တလွန် အချစ်
အပိုင်း(30)

သူမနှုတ်ခမ်းတွေကိုစုပ်ယူလိုက်ရင်း အလိုက်မသိတဲ့ဖုန်းကိုဒေါသထွက်စွာ ကြည့်လိုက်သည့်အခါ အလင်း ခေါ်တာဖြစ်နေသည်မို့ အတ္တသည် ဖုန်းကိုနားနားကပ်လိုက်၏။ တစ်ဖက်မှ အလင်းသည် သခင်လေးရဲ့အသက်ရှူသံပြင်းပြင်းကိုသာကြားနေရသည်မို့ သူဖုန်းဆက်လိုက်တာအချိန်ကောင်းမဟုတ်မှန်း သိလိုက်ရသည်။

"တောင်းပန်ပါတယ် သခင်လေး"
တောင်းပန်စကားကို အရင်ဆိုလိုက်သည်။

အတ္တဘာစကားမှဆက်မပြော နားပဲနားထောင်ကာ သူမဆီသို့ အနမ်းတွေကိုမရပ်တန့်နိုင်ပါ။ သို့သော် ရုတ်တရက်ပဲ သူမနှုတ်ခမ်းတွေလွှတ်ပေးလိုက်ရ၍ မွန်းလည်း သူ့လည်တိုင်ပေါ်ကလက်တွေ ဖြုတ်ပေးလိုက်လျှင် အတ္တ ချက်ချင်းထထိုင်လိုက်ပြီး

"ဖာ့ခ်!!"

နောက်တစ်ကြိမ်ထပ်ဆဲရေးဆိုလိုက်သည်နဲ့အတူ အတ္တသည် ဖုန်းကို အိတ်ထောင်ထဲပြန်ထည့်ကာ ဘောင်းဘီဇစ်ပြန်ပိတ်လိုက်ရင်း သူ့ကိုရှက်လို့ မျက်နှာလွှဲကာ ဖရိုဖရဲဖြစ်နေသည့်သူမအား

"Baby ထ ကိုယ်တို့ဒီမှာ မလုံခြုံတော့ဘူး"
ဆို၍ သူမကို ဆွဲထူပေးလိုက်သည်။

အတ္တသည် သူ့ရဲ့အင်္ကျီကြယ်သီးတွေကိုဂရုမစိုက်နိုင်ဘဲ အရင်ဆုံး သူမကိုကျောဘက်သို့လှည့်စေ၍ ဇစ်ကို ဆွဲတပ်ပေးပြီး လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်သည်။

"ဒီကနေအမြန်ထွက်မှဖြစ်မယ်"
ဟု ဆိုလိုက်ရင် မွန်းမှာ နောက်တစ်ဖန် တစ်ချိန်ကဂျော်နီ့ရဲ့ Party တုန်းကလိုအဖြစ်မျိုးကြုံရတော့လေမလားဟု တွေးပြီးစိတ်ပူနေရသည်။ အတ္တဟာ အခန်းတံခါးကိုဖွင့်ရန် အနားတိုးသွားပြီးမှ ခြေသံတွေကြောင့် လော့ပြန်ချလိုက်ရပြီး

"ကျစ်! ."
သူမနဲ့အတူ အေးအေးဆေးဆေးလွတ်လပ်စွာထွက်လာသည့်ခရီးဖြစ်၍ သေနတ်ပါမလာတာကအတော်လေး အခုချိန်မှာ အတော်ဒုက္ခရောက်နေသည်။

"ဘာဖြစ်လို့လဲ ကို!"
"ရှူး!"

အတ္တက သူမ နှုတ်ခမ်းပေါ်ကိုလက်တင်ပိတ်လိုက်ပြီး သူမရဲ့ ခေါင်းကလေးကိုအုပ်ကိုင်လိုက်ကာ

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now