Kaiကို ကုသပေးဖို့မုန့်ရန်ဘက်က သဘောတူခဲ့ပေမယ့် Kaiရဲ့မိဘတွေကတော့ ရနံ့ကုထုံးအကြောင်းနားမလည်တာကြောင့် ကုသခွင့်ကို ငြင်းပယ်လိုက်ကြတယ်။ဒါ့ကြောင့်ဒေါက်တာ Devic နဲ့အတူ Kai ရဲ့မိဘတွေနဲ့ သေချာစကားပြောဖို့ စီစဉ်ခဲ့ကြတယ်။
"ဒေါက်တာDevic.... ကျုပ်တို့ ခင်ဗျားကို မယုံကြည်တာမဟုတ်ပါဘူး။ခင်ဗျား သိတဲ့အတိုင်း Kaiရဲ့အခြေနေက သိပ်ကောင်းတာမဟုတ်ဘူး။သူ့ရဲ့ ဖွဲ့စည်းပုံကလဲ ထူးခြားနေတယ်ဆိုတော့ ကျုပ်တို့ အရဲမစွန့်ရဲဘူး...
"ဟုတ်တယ်ရှင့် ဒီလိုဆေးကုနည်းဆိုတာ အောက်လမ်းတွေ၊စုန်းအတတ်တွေနဲ့ အတူတူပဲဆိုတော့ ကျွန်မတို့သားလေးကို ဘယ်လိုလုပ် စိတ်ချလက်ချကုသခွင့်ပေးရမှာလဲ??ကျွန်မတို့လို မိဘတွေရဲ့ခံစားချက်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
"ရနံ့ကုထုံးဆိုတာ စုန်းအတတ်၊အောက်လမ်းအတတ်မဟုတ်ဘူး...ရှေးကျတဲ့ဆေးပညာတစ်မျိုး...အရှေ့တိုင်းရဲ့ ဆေးပညာရပ်တွေက နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေဗျ...ရှေးတုန်းကတည်းက အရှေ့တိုင်းသားတွေသုံးကြတဲ့ ဆေးညွှန်းတွေနဲ့ ကုသနည်းတွေက ကျူပ်တို့ အနောက်တိုင်းထက်အပုံကြီးသာတယ်။အခုလက်ရှိမှာဆို ပိုလို့တောင် သာလွန်နေသေးတယ်"
Kai ရဲ့အမေက မုန့်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး...
"ဒါတော့ ဒါပေါ့..ဒီကောင်လေးကို ကြည့်ရတာ အခုမှ ကလေးသာသာလေးပဲရှိသေးတာလေ။Kai နဲ့ ရွယ်တူလောက်လေးပဲ ရှိဉီးမယ်ထင်တယ်။ဒီလိုကလေးတစ်ယောက် လက်ထဲကို ဘယ်လိုလုပ် Kai ကို ဝကွက်အပ်လိုက်ရမှာလဲ??"
အရှေ့တိုင်းမှာပဲဖြစ်ဖြစ်၊အနောက်တိုင်းမှာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်ကို အသက်အရွယ်ကိုကြည့်ပြီး ဆုံးဖြတ်နေကြတုန်းပါပဲ...အသက်အရွယ်ကြီးရင့်သူတွေက အတွေ့အကြုံပိုစုံတယ်လေ....
"car accident ကြောင့် တစ်နှစ်ကျော်လောက် Coma ဝင်သွားတဲ့ လူနာတစ်ယောက်ကို ဒီကောင်လေးကပဲ သတိပြန်လည်လာအောင် စွမ်းဆောင်နိုင်ခဲ့တာ...ကျုပ်က သူ့ကို Kai အတွက် တကူးတကဖိတ်ထားရတာ။ခင်ဗျားတို့ အမြင်မှာ ကျူပ်ရဲ့ ဆရာဝန်ဂုဏ်ပုဒ်ကို ဟာသတစ်ခုလို့ မြင်နေတာလား??Kai ရဲ့ ဘဝနဲ့ သက်ဆိုင်တာကို ခပ်ပေါ့ပေါ့လေး စဉ်းစားလိုက်တယ်လို့များထင်နေကျတာလား???"

YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...