Chapter (69)

17.5K 2.7K 40
                                    

မုန့်ရန် စာကြည့်ခန်းထဲကို ဝင်ပြီး Tablet နဲ့ မှတ်စုစာအုပ်တွေ ဝင်ယူလိုက်သေးတယ်။ပြီးတော့မှ ဆရာလင်စုန်ထိုင်နဲ့ ဉက္ကဌကြီးတို့ဆီကို သွားခဲ့တယ်။

"ဆရာ...ဉက္ကဌကြီး..."

လင်စုန့်ထိုင်... "ဒီတစ်ခေါက် မင်း တကယ်ကြိုစားခဲ့တာပဲ...Korchi ရဲ့တပည့်တွေထက်တောင် ပိုကြိုးစားနေလို့ Korchi က မင်းကို အများကြီး ချီးကျူးနေတဲ့ သတင်းတွေလဲ ကြားတယ်နော်"

"ကျွန်တော့်ရဲ့ အခြေခံဗဟုသုတက တခြားသူတွေထက် နည်းနည်းလေးပိုများနေရုံလေးပါ..ဒါ့ကြောင့် တခြားကျောင်းသားတွေထက် သင်ယူလေ့လာတဲ့နေရာမှာ ပိုသာနေတာပါ..ပြီးတော့ အချိန်ကလဲ နည်းနည်းပဲရတာဆိုတော့ အကုန်လုံးကို စာအုပ်ထဲချရေးပြီးလိုက်မှတ်နေရတာ..ဒါတွေက ကျွန်တော့်ရဲ့
ကိုယ်ပိုင်မှတ်စုတွေ..ဒါတွေကကြတော့ ဒေါက်တာKorchi ရဲ့ ကုသမှုမှတ်တမ်းတွေ...ဒီစာအုပ်တွေက အရမ်းကောင်းတယ်..ဒါကြောင့်မို့ တခြားကျောင်သားတွေကို ဖတ်ခိုင်းကြည့်ဖို့ ကျွန်တော် recommend ပေးချင်တယ်"

မုန့်ရန်က Korchi နောက်ကိုလိုက်ပြီး အများကြီး သင်ယူလေ့လာခဲ့တယ်။ဒါတွေအကုန်လုံးက စာသင်ခန်းထဲမှာ သင်ယူလို့မရနိုင်တဲ့ အဖိုးတန် ဗဟုသုတွေဖြစ်တယ်။

လင်စုန့်ထိုင်နဲ့ ဉက္ကဌကြီးတို့က နည်းနည်းလောက်ပဲ ဖတ်ကြည့်ရုံနဲ့တင် တခြားသော စိတ်ရောဂါပညာရှင်တွေကိုဖတ်ခေါ်ပြီးမုန့်ရန်ရဲ့ မှတ်စုတွေကို ကျောင်းသားတွေဆီဖြန့်ဝေဖို့အတွက် တိုင်ပင်ဆွေးနွေးချင်စိတ်ကို ထိန်းမရတော့ဘူးလေ...

"မင်းဒီကို ပြန်မရောက်ခင်တုန်းက မင်းကို ဟိုမှာပဲ ကျောင်းဆက်တက်စေချင်တဲ့ အကြောင်းKorchi က ငါတို့ကို ခဏခဏပြောနေတာ...မင်းရော ဘယ်လိုသဘောရလဲ??"

ဉက္ကဌကြီးက မုန့်ရန်ကို ကြည့်ပြီးမေးလိုက်တယ်။

"အရင်တစ်ခေါက်ကလို စီစဉ်ပေးတာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ကျွန်တော် ဟိုနိုင်ငံမှာ အများကြီးသင်ယူခဲ့ရပေမယ့် တရုတ်ပြည်မှာ ကျောင်းဆက်တက်ဖို့က ကျွန်တော့်အတွက် ပိုအရေးကြီးနေတယ်။ကျွန်တော် ဒီမြေကနေ မခွာနိူင်ဘူး"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now