Unicode
ရူးသွပ်ခြင်းမှာသာတန်ဖိုးရှိမှန်း မာမီတို့ယုံကြည်ခဲ့ရင် သမီးခုလိုဖြစ်လာစရာအကြောင်းမရှိဘူး ပျော်ရာမှာမနေနဲ့ တော်ရာမှာနေဆိုတဲ့ စကားတွေက သမီးအတွက်ဖြစ်လာမယ်မထင်ဘူး သမီးတောင်းပန်ပါတယ် သမီးမိုက်ကိုခွင့်လွှတ်ပေးပါ...
မိုးသားတိမ်စိုင်တွေ မဲမှောင်နေပြီး မိုးသည်းကြီးမဲကြီးရွာသွန်းနေတဲ့ နေ့တစ်နေ့မှာပေါ့...
နက်ပြာရောင်ဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ကောင်မလေးတစ်ယောက် 'ပတ္တမြားလက်ခတ်'စံအိမ်တော်သူဌေးကြီးရဲ့တစ်ဦးတည်းသောသမီးလေး...
သူမရဲ့အခန်းထဲမှာ အကြောင်းရင်းမရှိထူးဆန်းစွာဘဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ် တာဝန်ခံအရာရှိတွေပြောစကားအရ သူမသေဆုံးမှုဟာ မရိုးသားဘူးတဲ့...
အချိန်တွေကြာလာတာနဲ့အမျှ ပျောက်ဆုံးသွားတဲ့အမှန်တရားတစ်ချို့နဲ့ ထိုစံအိမ်တော်ပိုင်ရှင်မှန်သမျှ သက်တမ်းစေ့မနေရတာဘဲ ကြာလာတော့ ပြောစမှတ်ပြုလာကြတာ သတ်သေသွားတဲ့ ကောင်မလေးက မျက်ဝန်းပြာလဲ့လဲ့လေးနဲ့ကျိန်စာတိုက်နိုင်တဲ့ စုန်းမတဲ့ပေါ့ကွယ်...
.............
ငယ်ကတည်းကအဘွားပြောလာတဲ့ပုံပြင်တွေ ခပ်များများရယ် သို့ပေမဲ့ မျက်ဝန်းပြာပြာနဲ့စုန်းမလေးဆိုတာကိုဘဲ ရင်ထဲစွဲကျန်နေခဲ့စေတယ်...
"ဘိုဏီ ထတော့ မင်းအဘအဆောင်စစ်နေပြီဟ ပုဆိုးကြီးသွားချွတ်ပြီး ထဘီလဲစမ်းပါကွာ..."
"ဟာ လူဟန်ရာ ငါတို့အခြောက်မှန်း အဆောင်မှူးသိနေတာဘဲ မလဲချင်ပါဘူးကွာ ပြီးတော့ငါ့မှာထဘီမရှိဘူးကွ..."
"ဟေ့ကောင် မျက်လုံးလေးဖွင့်ပြီးပြော ဘယ်နှယ့်ကွာ ထဘီမရှိလည်း ဘောင်ဘီနဲ့လဲလိုက်ပါ ငါတောင်းဆိုပါတယ်..."
"မင်းကလည်း စိတ်ဓာတ်ဘဲကွ ကျောင်းလေးပိတ်လို့အိပ်ပါတယ်ဆို..."
"ငါမနှိုးချင်ပေမဲ့ ဘိုဏီရာ မင်းအဘက လိုက်စစ်နေတာလေ ငါထင်တာတော့ အောက်ထပ်က ဆွေလင်းတို့အုပ်စုထဲ သူတို့ဘဲခေါ်သိပ်တယ်ဆိုလား..."
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...