Unicode
စစ်ဆေးမေးမြန်းတဲ့နေ့က အမှန်တရားကိုပြောခဲ့သလား မပြောခဲ့ဘူးလား... Dr.Rayအကြည့်တွေက ငါ့ကိုကြောက်ရွံ့နေသလိုဘဲ...
"ဘိုဏီ ငါတို့ဆေးရုံဆင်းလို့ရပြီတဲ့..."
"တကယ်ကြီး..."
"အေးဆို... အခုငါတို့လုပ်ရမှာက မိဘတွေအခြေနေတည်ငြိမ်တာနဲ့ သံဖြူဇရပ်ကိုသွားဖို့ဘဲ ငါစုထားတာကုန်ပြီ မင်းဆီရှိသေးလား..."
"ငါလည်း ဟိုတစ်ခါသွားတုန်းက တောတွင်းသုံးပစ္စည်းတွေ ဝယ်မိတယ်ထင်တယ် စုထားတဲ့ ၅သိန်းကုန်ပြီ..."
"ကျွတ် ဘယ်လိုတောင်းကြမလဲ ကျောင်းကလည်းလေ့လာရေးခရီးနဲ့ပိတ်နေတော့ ကျောင်းကိစ္စဆိုပြီးတောင်းလို့လည်းမဖြစ်..."
ဒေါက် ဒေါက် ဒေါက်...
အခန်းတံခါးခေါက်သံက ထူးထူးဆန်းဆန်းပါ ဘိုဏီရောလူဟန်ပါ ကြက်သီးထသွားတယ်ဆိုတာကို ဝန်ခံရမယ်...
"လန့်တာကွာ... ဘယ်သူလဲ..."
"Dr.နှင်းရည်လွှာပါ..."
"ဟင် အဲ့ဆရာဝန်ကို မင်းသိလားဘိုဏီ..."
"ကြားဖူးသလားဘဲ ဖွင့်ပေးလိုက်ပါကွာ..."
ဒီအမျိုးသမီးကို ဘယ်မှာမြင်ဖူးပါလိမ့်...
"အော် လူဟန်ပါရှိနေတာလား..."
"ကျွန်တော့်ကိုသိတယ် ဟုတ်လား..."
ကိုယ့်မျက်နှာကိုယ်လက်ညှိုးထိုးပြီး အံ့သြတဲ့မျက်နှာနဲ့ မေးခွန်းထုတ်နေတဲ့လူဟန်...
"သိတာပေါ့ လူလူဟန်ရဲ့ခွဲစိတ်တာဝန်ခံဒေါက်တာလေ..."
"အော် အဲ့တာကြောင့်ကို ကျေးဇူးတင်ပါတယ် ကျွန်တော့်အသက်ကိုကယ်ပေးလို့... ဒါနဲ့ဒေါက်တာ ဘာများပြောစရာရှိလို့လဲဗျ..."
"ဒီလိုပါ ဘိုဏီနဲ့Honey Prinတို့ကို တောထဲမှာတွေ့ခဲ့တဲ့ မုဆိုးကျော်လေ..."
"ဟုတ် မုဆိုးကြီးဘာဖြစ်လို့လဲ..."
"ဘာမှတော့မဖြစ်ပါဘူး တောထဲမှာ မင်းတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေထင်ရလို့ ပို့ပေးထားတယ် ခဏနေပါဆယ်ရောက်မယ် စစ်ကြည့်လိုက်ကြဦးနော်..."
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...