Unicode
ဆေးရုံကနေဆင်းလာတော့ Prinတစ်ယောက် စကားသိပ်မပြော... ဖူးအမြင်အရဆို အဖွားပြောဖူးသလို မကောင်းတာဝင်နေတာလား... ကားသွားရတာကလည်း လေးပင်နေသလိုဘဲ တရားခွေဖွင့်ဖို့ လက်လှမ်းလိုက်တော့...
"ဘာလိုချင်လို့လဲ မိဖူးဂျာဟွမ်..."
ငြိမ်သက်နေတဲ့ Prinဆီမှလာတဲ့စကားသံပါ ကြက်သီးထရုံတင်မက ဒူးပါတုန်လာတာ...
"မ မဟုတ် ရေ ရေယူမလို့ပါ..."
အေးစက်တဲ့အသားနဲ့ထိကပ်လိုက်တာကြောင့် သောက်နေတဲ့ရေပါ အကုန်ပြန်ထွက်ကုန်တယ်...
သူပြုံးလိုက်တယ် နှုတ်ခမ်းတစ်ချက်ကွေးရုံသာ... တော်တော်ကြောက်ဖို့ကောင်းတာမလို့ လူဟန်ကိုကြည့်လိုက်ပေမဲ့ လူဟန်ကတော့ တည်ငြိမ်နေတယ် ဘာကိုအတွေးလွန်းနေမှန်းမသိ...
ချိုကားမောင်းနေတာမလို့ ဖူးနဲ့Prinတို့စနောက်နေတယ်ထင်တာ တစ်လမ်းလုံးသတိမထားမိပေမဲ့ သေမင်းတမန်ရထားလမ်းနားရောက်တော့ Prinရဲ့အမူအရာတွေပြောင်းလဲသွားတယ် ပိုတည်ကြည်လာပြီး အပြုံးရယ်မရှိ မျက်တောင်မခတ်သလိုဘဲ...
မောင်ကရော ဘာလို့ငြိမ်နေတာလဲ ဘိုဏီရှိတဲ့နေရာသွားနေတာမလို့ အရမ်းစိတ်ပူနေလို့လား ဘာများဖြစ်တာလဲ...
"ကို ဖူးတို့ရောက်ပြီ..."
အိမ်အိုကြီးထဲ အဖိုးကြီးတစ်ယောက်ဆေးတံဖွာနေတယ် ဘေးနားထောင်ထောင်မောင်းမောင်းလူတစ်ယောက်ရောက်လာပြီး...
"ဘယ်သူတွေလဲ..."
"ဘိုဏီကိုလာရှာတာပါ လိပ်စာပေးခဲ့လို့..."
ထိုလူက Prinကိုစိုက်ကြည့်ပြီး အတော်တန်အချိန်ကြာတဲ့အထိ စကားမပြောသေး... အဖိုးကြီးထလာကာ Prinကိုကြည့်ပြီး...
"မတွေ့ရတာအတော်ကြာပြီ..."
"ဟုတ်ပါရဲ့ ဧည့်သည်တွေပါတာမလို့ နေရာထိုင်ခင်းအဆင်ပြေအောင် လုပ်ပေးပါ..."
Prinစကားဆုံးတာနဲ့ အိမ်အကူကဖူးနဲ့ချိုကို ခေါ်သွားခဲ့တယ်... လူဟန်လည်း အသိစိတ်လွှတ်နေတဲ့ပုံမလို့ Prinကဘဲစပြီး...
"ဒါတို့ရဲ့အမျိုးသားလေ ရှင်ပြောခဲ့သလိုပေါ့ ကျွန်မဒီခန္ဓာကို မကြိုက်ပေမဲ့ Darlingကိုထိတွေ့ရတော့ စိတ်ကျေနပ်မှုရှိပါတယ်..."
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...