Ep-21

437 63 2
                                    

Unicode

အရာရာပြောင်းလဲနေပြီ နံရံပေါ်ကဓာတ်ပုံအများအပြားက ဒီအိမ်ရဲ့သခင်ဘိုဏီပုံတွေ... ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကလည်း အံ့မခမ်း...

ဘိုဘိုဏီရဲ့မိဘတွေက ဘိုဏီကိုမွေးပြီးသိပ်မကြာ ကားAccidentကြောင့်ဆုံးသွားခဲ့တယ်...ကံကောင်းထောက်မမှုကြောင့် မိခင်ရင်ခွင်ထဲက ကလေးကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့...

"ဘယ်လိုဖြစ်နိုင်မှာလဲ အဖေ အမေ တကယ် တကယ်ကြီး..."

တားမရတဲ့မျက်ရည်တွေစီးကျလာတယ်... လူမှန်းသိတတ်စအရွယ်ကတည်းက မိဘဆိုလို့ အဘွားကိုဘဲ သတ်မှတ်ထားရတာ... ဖခင်လိုအရိပ်ကောင်းပေးပြီး မိခင်လိုနွေးထွေးမှုပေးခဲ့တာ ဒီအဘွားတစ်ယောက်တည်းရှိပါတယ်...

"ဟုတ်တယ်လေ ငါ့သားရဲ့... ဘယ်လိုဖြစ်ပြီးပြန်လာတာလဲကွယ်... ဆေးရုံမတက်ချင်ရင် လျှောက်မလည်နဲ့လေ နောက်အပတ်မှ ဆေးရုံဆင်းရမယ်ပြောထားတယ်မဟုတ်လား..."

"တကယ် တကယ်အဖေလား..."

"ဟားဟားဟား မိန်းမရေ မင်းသားကနောက်နေတာကွာ Accidentဖြစ်လာပြီး အတိတ်ပါမေ့သွားပုံဘဲ..."

"ဟုတ်ပါ့တော် လာလာ ဆေးရုံပြန်မသွားခင် အားရှိတာလေးစားသွား အမေပြင်ပေးထားတယ်..."

မိခင်မေတ္တာရော ဖခင်မေတ္တာပါ ငတ်ခဲ့ရသူမလို့ အတုဆိုတာသိလျက် နွေးထွေးနေမိတယ်...

အမေရဲ့ကြင်နာမှုက ရုန်းမထွက်ချင်လောက်အောင်ဘဲ... ရေချိုးပြီးတာနဲ့ ခေါင်းသုတ်ပေးတယ် ခြေတွေအေးနေလို့ နွေးထွေးတဲ့အမေ့လက်နဲ့ဆုပ်ကိုင်ပေးနေတာတွေ အိမ်မက်ဖြစ်နေရင်တောင် လန့်မနိုးချင်တော့ဘူး...

"သာယာနေပြီလား..."

ဟိုဝိညာဉ်အသံဘဲ... အသိတရားကပ်စမ်း အတုယောင်ကမ္ဘာထဲမှာ မနေပါနဲ့တော့...

"မသာယာပါဘူး... Navyကိုတွေ့ခိုင်းမယ်ဆို Navyရော..."

"မလောပါနဲ့ကွာ မကြာခင် လူလူဟန်ပြန်ရောက်လာလိမ့်မယ် မင်းလုပ်ရမှာရှင်းရှင်းလေးဘဲ ဒီအိမ်အောက်မှာ မြေအောက်ခန်းရှိတယ် တွေ့အောင်ရှာ အဲ့ထဲမှာNavyရဲ့ဒိုင်ယာရီရှိတယ် အဲ့စာအုပ်ကိုအရင်သွားယူ..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now