Ep-16

488 63 5
                                    

Unicode

မျက်နှာပေါ်အေးစက်စက်အရာတွေစီးကျလာမှ နှိုးလာတော့တယ်...နှင်းစက်တွေလား ရေစက်တွေလားမသဲကွဲ ညကမြင်လိုက်ရတဲ့အရာဟာ ဘာများလဲ...

"ကျွတ် ခေါင်းကိုက်လိုက်တာ အနောက်ကနေရိုက်ခံထားရသလိုဘဲ..."

"ဘိုဏီရေ မင်းဘယ်မှာလဲ အသံကြားရင်ပြန်ထူးဦး..."

လူဟန်အသံဘဲ လူစုကွဲသွားတာမလို့ လူပြန်စုနေတာလား... မဟုတ်သေးပါဘူး ဒါကတောနက်ထဲရောက်နေတာ လူဟန်အသံဆိုပေမဲ့ တောခြောက်တာဖြစ်နိုင်တယ်...

ထမလို့ လက်ကိုဘေးချလိုက်ပေမဲ့ အသားစိုင်တစ်ခုထိမိတာမလို့ ကြည့်လိုက်တော့...

"Honey Prin!..."

သွေးစုပ်ခံထားရသလိုဘဲ ဖြူလျော့လျော့နဲ့ နှုတ်ခမ်းတွေလည်းခြောက်နေတယ် လက်မှာလည်းဒဏ်ရာတွေနဲ့ ဘာဖြစ်တာလဲ...

"ထပါဦးကလေးမ..."

လှုပ်နှိုးနေပေမဲ့ သတိမလည်လာ... ခက်ပြီ တောထဲဘယ်သူ့ကို အကူညီတောင်းရမလဲ...

ကျောပိုးပြီး ရေရှိတဲ့အရပ်အရင်လိုက်ရှာမိတယ် ပါလာတဲ့အိတ်မရှိတော့ လူဟန် ဆရာမ ကျန်တဲ့အပေါင်းပါတွေနဲ့ ဘယ်လိုလူစုကွဲသွားသလဲမသိ...

တောနက်ထဲလမ်းပျောက်နေတာမလို့ တော်တော်နဲ့ခရီးမတွင် ပင်ပန်းလာပြီမလို့ ဒီနိုင်ငံခြားသူကိုဘေးချပြီးအနားယူလိုက်တယ် အချိန်ဘယ်လောက်ကြာသွားသလဲဆိုတာ ဘေးကအသံကြားမှ နှိုးတော့တယ်...

မုဆိုးတွေထင်ရတာဘဲ ဒူးလေးတွေနဲ့ သားသတ်ဓားတွေနဲ့ ထူးဆန်းတာက သူတို့ဘေးမှာ ကျောင်းသူကျောင်းသားတွေပါလာတယ် ဘယ်ကပါလိမ့်...

"ဒီမှာ ငါကတောလမ်းပြမုဆိုးကျားကြီး မင်းတို့ ဘယ်လိုဖြစ်တာလဲ..."

"ဒါဘယ်ရောက်နေတာလဲဗျ ကျွန်တော်တို့အုပ်စုလူစုကွဲရင်း ညကတောခြောက်သလိုခံစားရတယ် ပြီးတော့ညကကျွန်တော့်ကိုအနောက်ကတုတ်နဲ့ရိုက်ခံရသလိုဘဲ ဘာမှမမှတ်မိဘူး..."

"အလို တောထဲဘာလာလုပ်ကြတာလဲ လေ့လာရေးလား..."

"အဲ့လိုဆိုရမှာဘဲ အကူညီတောင်းလို့ရရင် ဒီသူငယ်ချင်းကိုဆေးကုပေးပါလား တောင်းဆိုပါတယ် ဘာဖြစ်လာမှန်းမသိဘူး..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now