Unicode
"ငါပြောပြမယ်..."
"မပြောနဲ့ဘိုဏီ..."
"ပါးစပ်ပိတ်စမ်း..."
မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရတာမလို့ တော်တော်လေးမူးဝေသွားတယ် နှုတ်ခမ်းထောင့်ပေါက်သွားတာမလို့ ရိုက်တဲ့လူကိုစိုက်ကြည့်နေပေမဲ့ အမြင်ကနှစ်ထပ်ဖြစ်နေပြီ...
"ပြောစမ်း ဘယ်မှာလဲ..."
"သူတို့ကိုလွှတ်ပေးမှ ငါပြောမယ်..."
ခွပ်!...
နာကျင်နေရပေမဲ့ အားတင်းထားရမယ် ငါအသက်မရှင်ခဲ့ရင် ဒီသံသရာကပြီးဆုံးမှာမဟုတ်ဘူး တတ်နိုင်သလောက် လူဟန်နဲ့မုဆိုးကျော်ကိုကယ်ရမယ်...
"ကြက်မြေ ခေါ် ရွာပျက်နေရာမှာရှိတယ်..."
"ဟေ့ကောင်တွေ ကြက်မြေနေရာတဲ့ ရှာကြ..."
ကော်လံစဆွဲဆောင့်ခံနေရာကနေ လွှတ်ချလိုက်တာမလို့ မြေပြင်ပေါ်ခေါင်းနဲ့ကျသွားတယ်... မလှမ်းမကမ်းမှာမြင်နေရတာက လက်ပိုက်ပြီးကြည့်နေတဲ့အရိပ်မည်းပါ...
"ကူ ကူညီပါဦး..."
ရုတ်ချည်းမျက်နှာရှေ့ရောက်လာတဲ့အရိပ်မည်းက ခန္ဓာကိုယ်ထဲဝင်သွားသလိုပင်...
"အောင်မယ် ထစမ်း..."
ဗိုက်ကိုဆောင့်ကန်ခံလိုက်ရတာမလို့ တော်တော်နဲ့အသက်မရှူနိုင်ဖြစ်သွားတယ်... လူဟန်နဲ့မုဆိုးကျော်ကြီးကို ကြိုးတုပ်ပြီးသစ်ပင်မှာဇောက်ထိုးချိတ်ဆွဲထားတယ်...
"လွှတ် လွှတ်ပေးပါ မဆိုင်တဲ့သူတွေကို... ငါ ငါသိတာမလို့..."
"ဟား ဟား လွှတ်ပေးရအောင်ငါတို့ကအရူးတွေလား... ကျမ်းစာရှာတွေ့တာနဲ့ မင်းရော သူတို့ကိုပါအသေသတ်ပစ်ပြီး ကျားစာထားခဲ့မှာကွ..."
"မင်းနဲ့ငါ ဘာအငြိုးရှိလို့လဲ... ကျေးဇူးပြု၍ မဆိုင်တဲ့သူတွေအသက်ကို အလေးထားပေးပါ တောင်းဆိုပါတယ်..."
အားပါပါနဲ့ဆောင့်ထိုးခံလိုက်ရတာ ဓားနဲ့ပါ... အောင့်သက်သက်ခံစားချက်ကြောင့် ဇောချွေးတွေပြန်နေပြီ... ပြန်ထုတ်လိုက်တဲ့ဓားပေါ်မှာ သွေးတွေလွှမ်းမိုးထားတယ်...
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...