Ep-27

411 59 4
                                    

Unicode

ဖြစ်လာမဲ့အရာတွေကိုတွေးပူမနေချင်တော့... အန်တီပြောတာကိုနားထောင်ရင်း သမီးဖြစ်သူအတွက်ရင်ပူမိတယ်... မျိုးရိုးစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ပေးနေရတဲ့ ပစ္စည်းတွေရှိတယ်ဆိုလို့ သိုလှောင်ခန်းထဲထိ လိုက်ပြပေးတဲ့အန်တီကိုအားနာရတယ်...

လိုက်ပြနေတဲ့အထဲ ပိတ်စအဖြူကာထားတဲ့ ကြီးမားတဲ့ဘောင်ကြီးရှိတာမလို့ စိတ်ဝင်စားမိတယ် 10ပေပတ်လည်ရှိတဲ့ဘောင်ကြီးကို ဘာကြောင့်ပိတ်စ ချည်ဖြူတွေနဲ့စည်းထားရတာလဲ...

"အန်တီ ဒါက..."

"မင်းဒါကိုစိတ်ဝင်စားမယ်ဆိုတာ ငါသိပါတယ်ဟန်နွယ်... ဒီပိတ်စနောက်ကွယ်မှာ ပန်းချီကားတစ်ချပ်ရှိတယ် ချိတ်ပိတ်ထားတာလေ... ဒီလောက်အစွမ်းထက်တာတွေနဲ့ပိတ်လှောင်ထားတာတောင် တစ်နေရာမှာရှင်သန်နေတယ်ဟန်နွယ် ပြီးတော့လူဟန်နဲ့လည်း ဆက်နွယ်နေတယ်..."

"ဘာများလဲ ချိတ်ပိတ်တယ်ဆိုတာ မကောင်းတဲ့အရာတွေအတွက်မဟုတ်လား..."

သက်ပြင်းရှည်ချပြီး ပိတ်စအဖြူဖုံးထားတဲ့ဘောင်ကိုသာကြည့်နေတဲ့ အန်တီ... လူဟန်ကလည်းအခုတလောမူမမှန်ဘူး ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာကို မသိပေမဲ့ ကာကွယ်နိုင်ဖို့ဆိုရင် ဘာမှဆိုလုပ်မှာဘဲ...

"ဟန်နွယ် ဒီအရာကမကောင်းတဲ့အရာမဟုတ်ဘူး ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်နော်...

လွန်ခဲ့တဲ့ 1929ခုနှစ် Februaryလအစမှာပေါ့ မြသောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာ အန်တီရဲ့အဘိုးဆီ ဆေးမှင်ကြောင်စုတ်မန္တာန်ထိုးဖို့ရောက်လာခဲ့တယ်... အန်တီရဲ့အဘိုးဟာ ယောဘက်မှာ ပယောဂကုတဲ့အလုပ်နဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးဘဲရှင်သန်နေထိုင်ခဲ့တာ...

"ဘာကြောင့်စုတ်မန္တာန်ထိုးချင်ရသလဲ မြသောင်း..."

"ကျွန်တော်ချစ်တဲ့သူတိုင်းကိုကာကွယ်ချင်တယ် ဦးတင်ဆိုတဲ့လူမှာ ကောက်ကျစ်စဉ်းလဲတဲ့မျက်လုံးတွေရှိနေတယ် ဒါပေမဲ့ကျွန်တော်ဂရုမစိုက်ပါဘူး စုံစမ်းရသလောက် ဦးတင်ကတော်လှန်ရေးအကြောင်းပြပြီး ဘုရားသိုက်တူးတာတို့ တောသူပုန်လုပ်တာဆိုပြီးကြားတယ်..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now