Ep-29

462 59 2
                                    

Unicode

ဆေးရုံဝန်းထဲမရောက်ခင် စိတ်တွေလေးလံလာပြီး လက်တွေတုန်ရီလာတယ်... မတည်ငြိမ်တဲ့စိတ်ကြောင့်လား အတွေးများနေလို့လားမသိပေမဲ့ သရဲထပ်ခြောက်တာခံရပြန်ပြီထင်တယ်...

"ဆရာမ အရေးကြီးလူနာရောက်တယ်ဆို..."

"ဟုတ်ပါတယ် Dr.Ray... ဒီကလူနာရဲ့ဆေးမှတ်တမ်းပါ ဒဏ်ရာကပြင်းထန်လွန်းလို့ သွေးလိုနေတာနဲ့ သွေးအရင်သွင်းထားပါတယ်..."

"လူနာရှင်တွေရော..."

"ဟို အရေးပေါ်အခန်းရှေ့စောင့်နေပါတယ် လူနာရှင်ထဲ ထူးဆန်းတဲ့လူတစ်ယောက်ပါတယ် Dr.Ray... တိုင်းရင်းဆေးဆရာလို့ ကိုယ်တိုင်မိတ်ဆက်တယ် သူကုပေးထားတဲ့လူနာက ဆေးအရှိန်ကြောင့်အားပြတ်သွားတာမလို့ တစ်ရက်လောက်အခြေအနေစောင့်ကြည့်ပေးပါ မနက်ဖြန်မှလူနာသတိရမလာရင် သူ့ကိုတရားစွဲနိုင်ပါတယ်တဲ့..."

"ဘယ်လို... ထူးဆန်းလိုက်တာ ဒါပေမဲ့သူ့ကိုအခွင့်အရေးပေးရလောက်တဲ့အထိတော့ မယုံကြည်ဘူး လူနာမှတ်တမ်းထဲမှာ အသည်းရောင်အသားဝါရောဂါ Cပိုး (Hepatits C Virus HCV)ကိုတွေ့နေတယ် (Liver Biopsy)အသည်းအသားစ ထုတ်ပြီးစစ်ထားတာလား..."

"အဲ့ဒါကလူနာရဲ့မှတ်တမ်းဟောင်းပါDr.Ray... စွဲသောက်နေရတဲ့ဆေးတွေရှိလို့ Operationလုပ်ဖို့အတွက် ဆေးရုံအုပ်ကလက်မခံဘူးဖြစ်နေတယ် အန္တရာယ်များတာမလို့ အရဲမစွန့်ဖို့မှာထားတယ်... အဲ့ဒါDr.Rayဘယ်လိုလုပ်ဖို့ အစီစဉ်ရှိလည်းမသိဘူး..."

"လွန်ခဲ့တဲ့၆လလောက်ကစစ်ထားတဲ့မှတ်တမ်းဘဲ အသည်းကိုတစ်ချက်ပြန်စစ်ဆေးပေးပါ Cပိုးဆိုတော့ ဖြေဆေးမရှိတဲ့ရောဂါ... ဆေးစွဲသောက်ရပြီး ထိုးဆေးပါနှစ်လတစ်ကြိမ်ထိုးနေရကြောင်းလည်းရေးထားတယ် အချက်လက်စုံတယ်ပြောရမယ်..."

"ဟိုလေ ဆေးဆရာက သွေးဖောက်ပြီးကုတယ်လို့ပြောတယ် လက်မထိပ်မှာအပ်ရာတွေ့ပါတယ် Dr.Ray..."

"လူနာမူးယစ်ဆေးသုံးထားမသုံးထားကိုလည်း စစ်ပေးပါဦး တိုင်းရင်းဆေးဆရာရော ဘယ်မှာလဲ..."

"လူနာရှင်တွေနဲ့ရှိပါတယ် Dr.Ray... အရေးပေါ်လူနာဆောင်ရဲ့စင်္ကြံမှာထင်တယ်..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now