Ep-12

560 69 8
                                    

Unicode

နာကျင်မှုတွေနဲ့အတူ ရုန်းကန်ထပေမဲ့ ထိုးနှက်ချက်တွေကြောင့် နလန်မထူနိုင်တော့ Navyလက်ထပ်ဖို့သဘောတူတဲ့လူက အရေးပိုင်မင်းကြီးရဲ့သားJohn Nathan...

"လုံမလေး မင်းကသိပ်မိုက်ရူးရဲဆန်တာဘဲ..."

ထောင်ထဲမှာလူဟန်နဲ့အကျဉ်းချခံထားရတဲ့အဘိုးအိုပါ...

"အဘိုးကဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ..."

"သူတို့မကြိုက်တာလုပ်မိလို့ပေါ့ကွာ တစ်ချို့အမှန်တရားတွေက ကိုယ့်အတွက်အကျိုးမရှိရင်မပြောရဘူးတဲ့ ဒီစကားတယ်မှန်တယ်..."

"ဟုတ်ပါရဲ့ အမှန်တရားက ခါးသီးလွန်းသလို မင်္ဂလာသတင်းကလည်းခါးသီးတယ် ဒါကအကျိုးရှိတယ်မလား..."

"ရူးမိုက်ပြန်ပြီ လွတ်ဖို့ကအလွယ်လေးပါ ဒါပေမဲ့ ထောင်ဆိုတာလူတွေရဲ့ဘဝသင်ခန်းစာဘဲကွ နေသားကျအောင်တစ်နှစ်လောက်နေဦး တစ်နှစ်ပြည့်တဲ့နေ့ မင်းလွတ်စေရမယ်..."

"တစ်နှစ်အတွင်း လက်ထပ်သွားရင်ရော..."

"အင်း မပြောတတ်ဘူးလေ နေသာထိုင်သာရှိသလိုနေ မကြာခင်မင်းကိုလာခေါ်မယ်ကြားတယ် ပြန်လွတ်ခဲ့ရင် ရော့ဒီလိပ်စာအတိုင်းသွား နဂါးထိုးမယ်ပြောလိုက် ကျသင့်ငွေကိုဦးတင်ပေးမယ်ပြောလိုက်..."

"ဘာလို့နဂါးထိုးရမှာလဲ..."

"ရဲရဲကြီးသာထိုးချလိုက်ပါ ကံမကုန်သေးရင် ပြန်ဆုံကြတာပေါ့ ဟား ဟား ဟား..."

ဦးတင်ဆိုတဲ့လူရယ်နေတာကြည့်ရင်း လူဟန်ကိုလူနှစ်ယောက်လာထုတ်သွားတယ် အပြင်ရောက်တော့...

"မင်းသွားနိုင်ပြီ သခင်မလေးရဲ့ဘဝနဲ့ရင်းပြီးကယ်ထားတာနော် ထပ်မတွေ့ပါစေနဲ့ ရော့နောက်ဆုံးစာတဲ့..."

အမှောင်ထဲကနေပြန်ထွက်လာတာမလို့ အလင်းရဲ့ဒဏ်ကိုမခံစားနိုင် မင်္ဂလာဖိတ်စာနဲ့ စာတစ်စောင်ကိုကြည့်ပြီး ပူပြင်းတဲ့နေမင်းကြီးတောင် တိမ်တွေဖုံးလွှမ်းသွားပြီပေါ့...

'Darling...
             ရခဲလှတဲ့ဘဝမှာ Darlingနဲ့တွေ့ဆုံပေးတဲ့ ကံကြမ္မာကို အထူးကျေးဇူးတင်ပါတယ်... ပထမဆုံး Honeyမွေးနေ့ပွဲမှာ Waiterယောင်ဆောင်ထားတဲ့ သူလျှိုဆိုတာသိပေမဲ့ ရန်လိုစိတ်ထက် မေတ္တာစိတ်ပိုပြီးသက်ဝင်နေတယ် ဒီအသိုင်းဝိုင်းထဲDarlingကိုဆွဲခေါ်မိလို့ တောင်းပန်ပါတယ်... Darlingရဲ့အစ်ကိုလေ အစည်းရုံးတစ်ခုကိုတည်ထောင်တယ်တဲ့ စိတ်ရင်းနဲ့ဂုဏ်ပြုကြောင်းပြောပေးပါ ပြီးတော့Honeyတို့ဘဝက မိန်းကလေးချင်းဆိုတဲ့ စည်းဘောင်အောက်မှာ လှုပ်ရှားနေကြရတဲ့အချစ်ငှက်လေးတွေပါ အခုHoneyအတောင်ချိုးခံလိုက်ရပြီ အတောင်စုံသေးတဲ့Darlingက အန္တရာယ်တောထဲကနေထွက်ပြီး Honeyအတွက် အသက်ဆက်ရှင်နေပေးပါ...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now