Ep-7

820 94 10
                                    

Unicode

မနက်နိုးလာတော့လက်မှာပိုက်တွေတန်းလန်းနဲ့ အနားမှာကြည့်တော့ ဖူးနဲ့ဘိုဏီစကားတွေပြောနေကြတယ် ဘိုဏီမျက်နှာပျက်နေတာသတိထားမိပါရဲ့ ဘာတွေများဖြစ်ပျက်နေလို့လဲ...

"ဘာဖြစ်နေတာလဲ ဘိုဏီ..."

"ဟာ ငါ့ကောင်ကြီးနိုးလာပြီလား..."

"အေး ငါဗိုက်ဆာတယ်ကွာ ဆန်ပြုတ်ကလွဲရင်ကျန်တဲ့ဟာဝယ်ပေးပါလား..."

"မရဘူးကို ဒေါက်တာကသေချာမှာထားတယ် ဆန်ပြုတ်ကလွဲရင် ကျန်တာမကျွေးဖို့ ပြီးတော့ ကို..."

"ဆက်ပြောလေ မင်းတို့ဘာတွေဖြစ်နေကြတာလဲ မျက်နှာတွေလည်းမကောင်းကြဘူး..."

ဘိုဏီမျက်ရည်တွေစီးကျလာပြီး အံ့ကြိတ်ကာမှရှိုက်သံကပိုပြင်းထန်လာတယ်... ဖူးလည်း ရှောင်သွားတယ် ဘာတွေဖြစ်နေမှန်းမသိပေမဲ့ တော်တော်ရင်ပူနေပြီ...

"လူဟန် မင်း မင်း..."

ငိုသံကလွှမ်းမိုးသွားပြန်ပြီ အိမ်သားတစ်ယောက်ယောက်များ...

"မင်းအဖေ လယ်ထဲမှာမြွေကိုက်ခံရလို့ပိုးထိဆုံးပြီတဲ့..."

"ဘာ မဖြစ်နိုင်တာ မဟုတ်ဘူး မဖြစ်ရဘူး အဘက..."

"ငါစိတ်မကောင်းပါဘူးလူဟန်ရာ အန်တီလည်းအဲ့စိတ်နဲ့လဲနေပြီ မြွေကိုရှာမတွေ့ကြဘူး မြွေအမျိုးအစားသိခဲ့ရင် အဆိပ်ဖြေဆေးအချိန်မီထိုးနိုင်မှာကိုကွာ..."

"မဟုတ်ဘူး အား.... အဘ ငါ့အဘက..."

အသက်ပင်ရှူမရတော့ အောင့်သက်သက်နဲ့ ရင်ကွဲနာကျတဲ့လူတွေဘယ်လိုခံစားရမလဲ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားတဲ့ခံစားချက်က ဘာနဲ့မှကုစားမရဘူး...

"မ မဟုတ်ဘူး ငါ့အဘ ငါ့အဘက..."

"လူဟန်သတိထားဦး..."

ဆေးရုံရဲ့မျက်နှာကျက်က လူဟန်ကိုလှောင်ရယ်နေသလိုဘဲ နှစ်ထပ်သုံးထပ်တွေမြင်ယောင်ပြီး သတိလစ်သွားခဲ့တယ်...

"Darlingထတော့လေ..."

ဘေးနားကိုကြည့်တော့ ထိုအမျိုးသမီးသူမမျက်နှာလည်းမကောင်းဘူး အနာဂတ်မှာ ငါ့အဘဆုံးသွားပြီ နာကျင်လိုက်တာ ဒီရင်ဘတ်ထဲက...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now