Ep-25

447 49 5
                                    

Unicode

"ဘာလို့လူတွေအုံနေတာလဲ လူဟန်..."

ဘိုဏီနှိုးလာပြီမလို့ တစ်ကားလုံးကခရီးသည်တွေ သက်ပြင်းချရပါပြီ... အထူးအဆန်းကြည့်နေကြတာမလို့ စိတ်ကျဉ်းကြပ်ရတယ်...

နှိုးလာကတည်းက လည်ပင်းမှာပုတီးမျိုးစုံနဲ့ ဘုရားပုံတော်ဆွဲကြိုးကိုပါဆွဲထားတယ်... လက်မှာလည်း မိုင်းဖုန်းဆရာတော်ရဲ့အဆောင်ကြိုးတွေနဲ့...

"လူဟန် မင်းကလည်းအိပ်ရေးမဝတဲ့ရုပ်နဲ့ ဘာဖြစ်နေတာလဲပြောကြပါဦး..."

လူဟန်ပြောဖို့ပြင်လိုက်ပေမဲ့ ဘုန်းကြီးကတားနေတာမလို့ မပြောဖြစ်ခဲ့... ကားဂိတ်ရောက်တဲ့အထိ ဘိုဏီကိုစိတ်မချသေး...

"ငါတို့တည်းမဲ့နေရာသွားကြစို့လေ..."

"ဟင့်အင်း ဒီကနေတောထဲသွားရအောင် မုဆိုးကျော်နဲ့ချိန်းပြီးသား..."

"ဟင် မင်းဘယ်တုန်းကစီစဉ်လိုက်တာလဲ ငါ့လည်းမပြောဘူး ဘာတွေဖြစ်နေတာလဲဘိုဏီ..."

လူဟန်သိသွားရင် ပြဿနာတက်ဖို့ဘဲရှိမယ် ဒါကြောင့်ဘာလုပ်ဖို့စဉ်းစားထားတယ် ဘယ်နေရာမှာကျမ်းစာရှိတယ်ဆိုတာ သေချာမသိသေးပေမဲ့ ယုံကြည်မှုလွန်ကဲနေတယ်လို့ ဆိုနိုင်ပါတယ်...

"ဘာမှမဖြစ်ပါဘူး ဟိုမှာမုဆိုးကျော်လာကြိုနေပြီ သွားကြမယ်..."

မုဆိုးကျော်ကနွေးနွေးထွေးထွေးဘဲကြိုဆိုပါတယ် အရင်တစ်ခေါက်ကလည်းတွေ့ဖူးသားမဟုတ်လား... လူဟန်တို့ ဘိုဏီတို့ကျေးဇူးကြောင့် ဖူးရဲ့အဖွားဖြစ်သူထံမှ ငွေအမြောက်အများရထားတယ် လှူစရာရှိလှူတန်းထားပြီး တောထဲကနေရာအချို့ကို ဘေးမဲ့တိရစ္ဆာန်များအတွက် အစိုးရသစ်တောအရာရှိတွေထံက ဝယ်နိုင်ခဲ့ပြီ...

"လာကြ မင်းတို့ရောက်လာတာက အရမ်းမမြန်ဘူးလား ကျန်းမာရေးတွေအဆင်ပြေကြပြီမလို့လား..."

"ပြေပါပြီ..."

"လာတက်ကြ ငါတို့နားမဲ့နေရာက တောစပ်နားကဘုန်းကြီးကျောင်းနားမှာဘဲ WHOက စေတနာ့ဝန်ထမ်းတွေတော့ရှိတယ် မင်းတို့နေရတာအဆင်ပြေမှာပါ..."

"ဘာဖြစ်လို့WHOကမပြန်သေးတာလဲ နယ်လှည့်ဆေးကုနေကြရတာမဟုတ်လား..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now