Ep-38

518 56 1
                                    

Unicode

"၁၅နှစ်အတွင်းအခုဆိုရင် နာမည်အတော်ကြီးနေတဲ့တိုင်းရင်းဆေးခန်းမှာ အသက်ကြီးငယ်မရွေး စည်းကားနေပါတယ်... ဆေးဆရာကုသခဲ့တဲ့လူနာတစ်ဦးကိုမေးမြန်းဖို့ ကျွန်တော်တို့သွားနေပါပြီ..."

"မင်္ဂလာပါအဘိုး နာမည်မိတ်ဆက်ပေးပါဦး..."

"အဘိုးနာမည်က ဦးမောင်မောင်ပါ..."

"ဟုတ်ကဲ့ အသက်ကရော..."

"အသက်၆၀ကျော်ပါပြီခင်ဗျ..."

"အဘိုးခံစားခဲ့ရတဲ့ရောဂါဝေဒနာကရော..."

"နှလုံးရောဂါပါ... ခွဲစိတ်ကုသဖို့လည်းမတတ်နိုင် ဒီအသက်အရွယ်ရောက်နေတော့ ခွဲခန်းလည်းမဝင်ရဲခဲ့ပါဘူး..."

"ဒါကြောင့်တိုင်းရင်းဆေးဆရာဆီသွားကုခဲ့တာလား..."

"အဘိုးအသိတစ်ယောက်လည်း အဘိုးနဲ့ဝေဒနာတူပါတယ် သူကုသတာ၆လအကြာ ကျန်းမာသွက်လက်နေလို့စကားစမိရင်း ဆေးဆရာဆီရောက်သွားခဲ့တာပါ..."

"အဘိုးဝေဒနာကုသချိန်ဘယ်လောက်ထိကြာမြင့်ပါသလဲ..."

"၆လပါဘဲ..."

"ဝိုး တိုတောင်းတဲ့ကာလအတွင်းပါဘဲ..."

"ဟုတ်ပါတယ် အခုဆရာ့ဆီမှာလည်းနာတာရှည်လူနာတွေကုသတာများပါတယ် အချိန်ကတော့ရောဂါအပေါ်ဘဲမူတည်ပါတယ် ဆရာကတစ်ပတ်မှာတစ်ရက်ဘဲဖွင့်တာပါ..."

"တစ်ပတ်မှာတစ်ရက်တည်းဆိုတော့ အဘိုးတို့အနေနဲ့တိုကင်ကြိုယူထားရမှာပေါ့နော်..."

"အဲ့လိုမဟုတ်ပါဘူးဗျ ဆေးခန်းထိုင်တာတစ်ရက်ပါဘဲ ကျန်တဲ့အချိန်သူကုသခဲ့တဲ့လူနာတွေဆီ အိမ်တိုင်ရာရောက်စစ်ဆေးပေးပါတယ် ဒီကနေဘဲ ကျေးဇူးအထူးတင်လိုက်ပါတယ်... ဆရာဘိုဘိုဏီ အသက်ရှည်ကျန်းမာပြီးလိုအင်ဆန္ဒပြည့်ဝပါစေလို့..."

"ဆရာကတော့ပေးတဲ့ဆုပြည့်ပါစေလို့ပြောမှာပါ ကဲပရိသတ်တို့ရေ အခုတလောခေတ်စားနေတဲ့ NAVYတိုင်းရင်းဆေးခန်းဟာဆိုရင်ဖြင့် ပြည်ပကလာရောက်ကုသတဲ့သူတွေတောင်ရှိနေပါပြီ ဆရာဘိုဘိုဏီရဲ့အောင်မြင်မှုကိုလည်း ကျွန်တော်တို့Vassan Channelမှ ဆရာနဲ့ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါတယ်..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now