Ep-22

469 61 2
                                    

Unicode

ဆေးရုံပေါ်မှာဘဲ အချိန်ကုန်သွားတယ် ဟိုသရဲကိုမတွေ့ရသလို Navyကိုလည်းမတွေ့ရ... ထူးထူးခြားခြားဆိုလို့ Dr.Rayအပြုမူတွေပါဘဲ ရုတ်တရက်ကြီးနွေးနွေးထွေးထွေးဆက်ဆံနေတာ...

"ဆေးသောက်ပြီးပြီလား..."

"ဟုတ်ဒေါက်တာ..."

"ခဏနေ USဘက်ကလူတွေရောက်တော့မယ်... Honey Prinလည်းသက်သာတယ်လို့ကြားတယ်..."

"ဟုတ် ဒါနဲ့ဒေါက်တာ..."

"အင်း မေးလေ..."

"ကျွန်တော်တို့ဆေးရုံအမြန်ဆင်းချင်တယ်..."

"သက်သာရင်တော့ဆင်းရမှာပေါ့ ဘယ်လိုဖြစ်ပြီးအမြန်ဆင်းချင်နေတာလဲ..."

"ဒီလိုပါ ကျွန်တော်..."

စကားမဆုံးသေး USဘက်ကလူတွေရောက်လာတာမလို့ လူနာတွေလာခေါ်တာတဲ့...

"ကဲသွားကြစို့..."

"ဟုတ်ကဲ့..."

လူနာ၅ယောက်စုံတာနဲ့ တစ်ယောက်တစ်ခန်းဆီဝင်ရတယ် အခြေခံမေးခွန်းတွေအရင်စမေးပြီးတာနဲ့ ကြိုးတပ်ထားတဲ့ဦးထုပ်လာဆောင်းပေးတယ်...

"ခေါင်းထဲမှာဘာမှမတွေးဘဲနဲ့ ဒီရှေ့မှာပြထားတဲ့ပုံလေးကိုဘဲကြည့်နော်..."

"ဟုတ်..."

ပုံတွေက Navy Prinပုံတွေနဲ့ ပတ္တမြားလက်ခတ်စံအိမ်ရဲ့ပုံတွေပါ... မမြင်ဖူးတာဆိုလို့ Navy Prinရဲ့အလောင်းမြေချတဲ့ပုံ မြသောင်းအလောင်းကို အစ်ကိုဘသောင်းဆီပြန်မအပ်ဘဲ အလောင်းဖျောက်ပစ်ဖို့ ချောက်ထဲပစ်ချတဲ့ပုံ...

ဒီပုံတွေကို တခြားသူတွေကိုရောပြနေတာလား ငါတစ်ယောက်တည်းကိုဘဲပြနေတာလား... Navyပုံမြင်ရင် လူဟန်ဘယ်လိုတုံ့ပြန်မလဲ...

"ဘာတွေမြင်နေရသလဲ ပြောပါလူနာ..."

ချွေးတွေစီးကျလာတယ်... စက်က အလိမ်ဖော်စက်နဲ့သဏ္ဍာန်တူတယ် လက်မှာထိုးတာတဲ့ဆေးရည်က ဘိန်းလိုမျိုးဘဲ လူကိုမှိန်းစေပြီး ပါးစပ်ကထုတ်ပြောချင်လာတဲ့အထိဘဲ...

အမှန်တိုင်းမပြောချင်လို့ အောင့်အီးသည်းခံနေတာ ချွေးတွေထွက်လာတာကြည့်မကောင်း...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now