Ep-37

483 60 2
                                    

Unicode

"သခင်မ စိတ်မကောင်းစွာဘဲသတင်းပို့ပါရစေ..."

"ဘာသတင်းမလို့လဲ..."

"ကျွန်တော်တို့လူတွေ သုံးပုံနှစ်ပုံကျသွားပါပြီ  ရဲတွေလည်းအထိနာနေကြပြီ စစ်ဘက်ကရောက်လာပေမဲ့ အခြေနေလုံးဝမဟန်တော့ပါဘူး..."

ဘဝရဲ့ပထမဆုံးခြေမကိုင်မလက်မကိုင်မိဖြစ်ခြင်းပါဘဲ... ကျွန်မဘာလုပ်ရမလဲ အဘိုးအဘွားတွေ...

မြေအောက်အောက်ခန်းထဲကပန်းချီကားကြီးလည်းမရှိတော့ဘူး... အဘွားတာဝန်ထမ်းဆောင်ခဲ့တဲ့ Prinလည်းပျောက်ကွယ်တော့မယ်... အမေသိမ်းထားတဲ့ပုံထဲကလူငယ်လေးလည်း အချစ်အတွက်ရူးမိုက်နေတုန်း... အမေပေးခဲ့တဲ့ပတ္တမြားလက်စွပ်ကို သူအသုံးချနိုင်ပါ့မလား...

"ဘယ်လိုနည်းနဲ့မှ ဖြေရှင်းမရတော့တာလား... လမ်းမှားရောက်နေတဲ့လူငယ်လေးကို လမ်းပြပေးပါဦး... အတိတ်ရဲ့ပုံရိပ်မှားတွေ အပြစ်ဒဏ်မှားတွေကို ဘယ်လိုပြုပြင်ပေးရမလဲအဘွားရယ်... အမေပြောခဲ့တဲ့အိပ်ရာဝင်ပုံပြင်တွေထဲကလို မင်းသားနဲ့မင်းသမီးပေါင်းဖက်သွားကြလေသတဲ့ဆိုတဲ့ ဇာတ်သိမ်းကို သူတို့ဘယ်လိုဖန်တီးနိုင်ကြမှာလဲအမေရယ်..."

"သခင်မလေး အပေါ်ထပ်မှာ ဘုန်းကြီးတစ်ပါးကြွလာပါတယ်..."

"ငါလာပြီ..."

ခြေလှမ်းတွေလေးလံနေတယ် ရင်ဘတ်ကနာကျင်မှုကိုအံ့တုနေပေမဲ့ အမြင်တွေဝေဝါးနေပြီ... ဘုန်းကြီးရှေ့ခြေပဆစ်တုပ်ထိုင်ပြီး ဦးသုံးကြိမ်ချဖို့ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့...

"ဒကာမကြီး ကိလေသာအပူတွေကိုရင်မှာဝယ်ပိုက်ပြီး အပူပေါ်အပူမဆင့်ပါနဲ့တော့ ဖြစ်သမျှအကြောင်းရှိလို့ဖြစ်နေတာပါဘဲ... ကိုယ်တိုင်လုပ်ယူခဲ့ကြတဲ့ အတိတ်တွေကို နောင်တတရားနဲ့ဖြတ်သန်းနေမဲ့အစား သင်ခန်းစာယူပြီးဖြတ်သန်းကြပါ..."

"မှန်ပါ့ဘုန်းဘုန်း တပည့်တော်မလမ်းပျောက်နေပါပြီ တပည့်တော်မမြေးတွေလည်းအန္တရာယ်ထဲကျရောက်နေပါပြီ..."

"သာမန်ဘဝကို သာမန်လူတွေဘဲရနိုင်တာပါ... ဂမ္ဘီရပညာလိုက်စားဆည်းပူးသူတွေလည်း သူ့ကံတရားနဲ့သူပေါ့ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ဝဋ်ကြွေးရှိလို့ ဆပ်နေကြရတဲ့သူတွေကြည့်ပါဘဲ ဒါကိုနောင်ဘဝတွေထိ ဝဋ်ကြွေးသယ်သွားဦးမှာလား... အရာရာကိုတရားသဘောနဲ့သာဖြေပါ စိတ်၏အေးချမ်းခြင်းကိုရှာတွေ့ပါလိမ့်မယ် ဒကာမကြီး... ဘုန်းဘုန်းရဲ့ဆရာဖြစ်တဲ့ ဘုန်းတော်ကြီးက ဒကာမလေးကိုဒီအဆောင်လေးပေးခိုင်းလိုက်လို့ကြွလာတာ မှန်သွားတယ်ဆိုရမယ်..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now