Ep-33

451 56 3
                                    

Unicode

မှောင်ရီနေတဲ့ညနေခင်းမှာ တစ်ယောက်တည်းနှိုးထလာရတာ အင်အားမရှိသလိုပါဘဲ လက်ကနာကျင်မှုကြောင့် ဆေးပိုက်သွင်းထားရတယ်ဆိုတာ ဆရာဝန်တစ်ဦးရဲ့အသိကအချက်ပြနေပါတယ်...

"အား ခေါင်းကိုက်လိုက်တာ..."

"နိုးပြီပေါ့ Dr.Ray..."

"Oxygenပြတ်သွားလို့ထင်ပါရဲ့ သတိလစ်သွားတာ အားနာစရာကြီး.."

"အားမနာပါနဲ့ ဆေးရုံအုပ်ကခွင့်တစ်ပတ်ပေးထားပါတယ်..."

"ဒါနဲ့ဒီနေ့က..."

"July 8လေ..."

"အော် ခဏလေးသတိလစ်တာပေါ့..."

"ဟုတ်တယ်လေ 2028 july 8ရက်နေ့ စနေနေ့ဆိုတော့ ကံကောင်းတာလားကံဆိုးတာလားမသိဘူး မိုးလေဝသဌာနကလည်း ဘာမှမကြေညာထားပေမဲ့ မိုးရွာနေပြီ..."

"ကံကောင်းမှာပါ အယူမလွဲပါနဲ့ဆရာမရယ်..."

'ဟဲ့ ဟိုဆရာဝန်မလား သရဲမြင်နိုင်တယ်တဲ့ မျက်နှာဖြူကြီးဆိုတော့ ငါတို့ကသူ့ပြန်ကြောက်နေရတယ်...'

'ဟုတ်လားကြောက်မနေပါနဲ့ ငါတို့ကသရဲလေ ဘာကြောက်စရာလိုလို့လဲ...'

'နင်မသိဘူး ဟိုကအသံပါကြားရတာ ကြည့်ပါဦးသရဲရဲ့ဖြစ်တည်မှုကိုမကြောက်မရွံ့ဟယ် မသိချင်ယောင်ဆောင်နေတယ် ရုပ်ဆိုးပမ်းဆိုးသရဲနဲ့တွေ့မှနားအေးမှာ လာပါငါတို့ပုန်းနေတဲ့သရဲသစ်ကိုအနိုင်ကျင့်ရအောင်...'

အော် သရဲတွေကငါ့အတင်းကိုငါ့အရှေ့တင်ပြောသွားတယ်... သူနာပြုအသင်လေးရှိနေလို့နှုတ်ပိတ်နေတာကို ငါ့ကိုများမျက်နှာဖြူတဲ့...

"ဝင်ခဲ့မယ်နော်...-

"အော် ဝင်ခဲ့လေDr.စိုးသူ..."

"အခြေအနေဘယ်လိုဖြစ်ရတာလဲဗျာ ဟိုတစ်နေ့ကညကလည်းဆေးရုံရှေ့ကြီးအော်နေတာ ဘာဖြစ်လို့လဲ..."

"ဘာမှမဖြစ်ပါဘူး Dutyပြီးသွားပြီပေါ့..."

"ဟုတ်တယ် အဲ့ဒါDr.Rayကို Dinnerလိုက်ကျွေးချင်လို့..."

"အားနာလိုက်တာရှင် ဒီနေ့လူနာတွေနဲ့ချိန်းထားလို့ ဒီညဆေးရုံမှာဘဲအိပ်ဖြစ်မှာ..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now