Ep-17

468 64 3
                                    

Unicode

လေဟာနယ်ထဲရောက်သွားပြီးမကြာ Navy Prinပေါ်လာတယ် ခြောက်ခြားစရာအကြည့်တွေက ပါးလွှာတဲ့ဓားတွေလိုဘဲ... ဘာကြောင့်တဖြည်းဖြည်းနဲ့ ကြောက်စရာပိုကောင်းလာတာပါလိမ့်...

"ငါ့ကိုမောင်းထုတ်မယ်ပေါ့ ဟုတ်လား ဟား ဟား ဟား..."

"ဘယ်သူကမောင်းထုတ်တာလဲ ငါနဲ့မဆိုင်တဲ့ကိစ္စကို ဘာကြောင့်ဆွဲထည့်နေတာလဲ လူလူဟန်က နင့်ရဲ့Darlingမဟုတ်ဘူးလေ မြသောင်းလည်းမဟုတ်ဘူး လူဝင်စားဆိုတာမှန်ပေမဲ့ နင်ထင်သလိုမဟုတ်ဘူး နင်လည်းသိနေတာဘဲ..."

"နင်တို့ပြစ်ဒဏ်အတွက် တစ်စုံတစ်ယောက်ရဲ့အသက်ကိုစတေးရမယ်ဆိုတာ မြဲမြဲမှတ်ထားပါ နင့်ကိုတစ်ခုပြောရဦးမယ် ကျမ်းစာရှာတွေ့သွားပြီ နင့်ကျေးဇူးကြောင့်..."

"ငါကြောင့် ပြီးတော့ပြစ်ဒဏ်ဟုတ်လား ဘာအတွက်လဲ..."

"ချောက်ထဲပြုတ်ကျတော့မဲ့ ဟိုကလေးမကို ကယ်လိုက်တော့ နင်ပါချောက်ထဲကျသွားတယ် ကံကောင်းချင်တော့ ဖွက်ထားတဲ့ကျမ်းစာနေရာကို အတည်အကျကိုရောက်တာ ပြစ်ဒဏ်ကလား မပြောတတ်ဘူး အဟက်..."

"နင် အပြစ်မရှိဘဲ စတေးမခိုင်းပါနဲ့တော့ ပြီးတော့ဦးတင်ကိုယုံနေတာလား အဲ့လူအကောက်ကြံနေတာကိုနင်မသိဘူးလား ဥပဓိရုပ်ဆိုတာက သန့်တယ်ခန့်တယ်ဆိုပြီး ခန့်မှန်းဖို့မဟုတ်ဘူး စိတ်ဓာတ်ကိုဟ အပြောအဆိုအမူအရာကပါ မသင်္ကာစရာတွေနဲ့ ပြည့်နှက်နေတာကို..."

"ငါ့စကားနားမထောင်ရင် သတ်ပစ်ရုံဘဲလေ နင်နှိုးလာတာနဲ့ ဘာမှမသိဘဲဖြစ်နေစေရမယ် ခုကစပြီး တောထဲသွားတဲ့အကြောင်းရာတွေအကုန်ပျောက်စေ ဟား ဟား ကံမကုန်ရင်ပြန်ဆုံကြတာပေါ့..."

အသံနက်ကြီး နားထဲစွဲသွားတယ် တစ်ချက်တစ်ချက် ဘုရားစာရွတ်နေသံတွေကြားနေရတယ် လေးပင်နေတဲ့ မျက်တောင်ကိုပင့်ရင်း အလင်းရောင်ဒဏ်ကိုမခံစားနိုင်တော့...

တဖြည်းဖြည်းအားယူထလိုက်ချိန် ပြန်ပြီးလဲကျသွားတယ်... ခြေထောက်တွေ လုပ်မရတော့...

"မထနဲ့ဦး မင်းဒဏ်ရာကပြင်းတယ်..."

မုဆိုးကျားကြီးရောက်လာတာမလို့ ကိုယ်ဟန်အနေအထားပြင်လိုက်တယ်...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now