Ep-15

493 67 3
                                    

Unicode

လူဟန်တို့မီးပုံပွဲကနေထွက်သွားတာနဲ့ ဦးတင်တို့အုပ်စုစတင်လှုပ်ရှားကြတယ်... ဘိုဏီရိပ်မိနေပေမဲ့ အန္တရာယ်အငွေ့သက်ရှိတာမလို့ မသိချင်ယောင်ဆောင်ပြီး ပွဲကအထွက်...

"ဘယ်သွားမလို့လဲ..."

"နင်ကဘယ်သူလဲ..."

"ရွာကကာလသားတိုင်းပိုးပန်းကြတဲ့ မိအလင်္ကာ..."

"ငါ့နာမည်..."

နာမည်အရင်းမပြောဖို့ မှာထားတယ်မဟုတ်လား ဒါကြောင့်တလွဲပြောရမယ်...

"ငါ့နာမည် ကျော်ကြီး..."

"နာမည်ကြီးကတစ်မျိုးဘဲနော် ထိုင်ပါဦး ခဏနေနှစ်ပါးသွား ကပြမယ်ထင်တယ်..."

"ခရီးပန်းနေပြီမလို့နားချင်ပြီ... ခြေထောက်တွေလည်းညောင်းကိုက်နေတာမလို့ပါ ဧည့်ဝတ်ကျေမှုကို တန်ဖိုးထားပါတယ် ကျေးဇူးတင်ပါတယ်ဗျ..."

"နားချင်တယ်ဆိုလည်းနားလေ အော် တစ်ခုလောက်မေးချင်လို့..."

"မေးလေ..."

"ဟိုစောနက အတွဲတစ်တွဲဝင်သွားခဲ့တယ်လေ..."

လူဟန်နဲ့ ဟိုတစ်ယောက်လား...

"အင်း ဆက်ပြော..."

"သူတို့ထဲက မိန်းကလေးကလေ နည်းနည်းကြောက်ဖို့ကောင်းသလားလို့..."

"ဟား ဟား ဟား..."

နာနာဘာဝလောကသားက လူကိုကြောက်တယ်တဲ့လား ရယ်ရသားဘဲ...

"ရယ်စရာပါနေလား အမောင်..."

"မပါပါဘူး သို့ပေမဲ့ သူ့ထက်ကြောက်ဖို့ကောင်းတာရှိတယ်..."

"ဘာများလဲတော်..."

"မပြောပြပါဘူး နားတော့မယ် မင်းလည်းပွဲသွားကြည့်တော့..."

"ဘယ်လိုဧည့်သည်တွေလဲမသိဘူး သိချင်တာကို တိုးလို့တန်းလန်းကြီးနဲ့ ဟွန့်..."

ဘိုဏီနဲ့မိန်းကလေးတစ်ယောက် စကားပြောနေတာကို မြင့်မိုရ်မြင်နေရတယ်... ဒီဘုဂလန့်ငနာက တခြားသူတွေနဲ့ဆို ပြုံးရယ်နေတတ်ပေမဲ့ လူဟန်အနားရောက်သွားတိုင်း ဘာလို့ကြောက်တဲ့ပုံပေါ်နေရတာလဲ

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now