Ep-34

420 58 1
                                    

Unicode

"မမ ဘာလို့မျက်နှာမကောင်းတာလဲ..."

"ကို သတင်းဆိုးရှိတယ်..."

"ဘာ ဘာများလဲ မဟုတ်မှလွဲ ဘိုဏီ..."

"ဖွ ဖွ လွဲပါစေ အဲ့တာမဟုတ်ဘူး..."

"တော်သေးတာပေါ့အခုမှသက်ပြင်းချနိုင်တယ်..."

"မုဆိုးကျော်ကြီး အသတ်ခံလိုက်ရတယ်..."

"ဗျာ!..."

"ခုလေးတင်ဘဲညီမလေးဆက်သွယ်လို့သိတာ မဟုတ်ရင်..."

"အသတ်ခံရတယ် ဟုတ်လားမမ..."

"တရားခံကို ဓားပြ၁၂ယောက်ထဲကလို့ယူဆထားတယ်တဲ့ အငြိုးနဲ့သတ်သွားတာလို့ကြားတယ် အဲ့တာနာရေးကိစ္စ ကိုသွားမလားဟင် သွားခဲ့ရင် မမလိုက်ချင်လို့..."

"သွားဖို့ကစီစဉ်ပြီးသားပါ နောက်အပတ်စနေနေ့သွားမှာ ခုတော့ရက်တိုးရတော့မယ် ခုဘဲဖူးကိုPhဆက်လိုက်မယ် မမကလိုအပ်တာပြင်ထားပေးပါ..."

"အင်းပါ အရမ်းမလောနဲ့အဘွားကိုအကျိုးအကြောင်းပြောပြီး ကားသမားလွှတ်ခိုင်းလိုက်မယ် မမကတော့ တစ်ဘက်ခါမှလိုက်ခဲ့မယ်နော် ခွင့်မရသေးလို့..."

"ဟုတ် မမ..."

မုဆိုးကျော်အသက်ကိုနုတ်ယူသွားတဲ့သူကိုခွင့်မလွှတ်နိုင်ဘူး... ဘယ်သူနေနေ ဒီတရားခံက ဘိုဏီကိုတွန်းချတဲ့သူဘဲ ဘယ်နည်းနဲ့မဆိုဖိအားပေးပြီး နေရာအနှံ့စုံစမ်းရတော့မယ် နောက်ဆုံးတော့ ငါ့အဖေဆိုတဲ့လူရဲ့အရိပ်ကို ခိုလှုံရတော့မှာပါလား...

"ဘာတွေတွေးနေတာလဲကို Phဆက်မယ်ဆိုဆက်လေ..."

"အော် ဟုတ်သား မေ့သွားတာ..."

"ကိုကတော့ဖြစ်ရမယ် ဆေးတွေသေချာထည့်ပေးထားတာမလို့ သေချာသောက်နော် အစားကိုပုံမှန်စား အိပ်ချိန်မှန်ပါစေ နေဦး ခုတစ်ခါတည်းBlood Pressureတိုင်းပေးမယ်..."

"ဟာမမ အခုမသွားသေးဘူးလေ မလောပါနဲ့ဗျာ..."

အတွေးထဲနစ်မွန်းနေပြီ ဘာကြောင့်မုဆိုးကျော်ကြီးသတ်ခံရတာလဲ...

...........

နာရေးစည်းလွန်းလို့ခက်ပါရဲ့ ဒီလိုကိစ္စတွေမြင်ဖူးနေပေမဲ့မုဆိုးကျော်ကြီးက သာရေးနာရေးတိုင်းပါဝင်ကူညီပေးတဲ့သူမလို့ လူချစ်လူခင်ပေါတယ်...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now