Unicode
မနက်ခင်းနေရောင်ခြည်အနွေးဓာတ်က နွေးထွေးလိုက်တာ နွေးနွေးလေးနဲ့ထကိုမထချင်ဘူး...
"ဟဲ့ကောင် ထတော့ နောက်ကျနေပြီ..."
"နိုး နိုး ချစ်တယ် မွ မွ..."
"မသာ သတိလစ်ပြီးလဲကျတာတောင် နှာဘူးထနိုင်သေးတယ် ထစမ်း..."
"ဟာကွာ ဘာလဲ ဘာလဲ ၅မိနစ်ထဲပါကွာ..."
"မင်းဘိုးအေ ၅မိနစ်လုပ်မနေနဲ့ အတန်းချိန်နီးနေပြီ သွားရတော့မယ်..."
"အေး ထပြီ ထပြီ... အား...... နာတာကွာ ငါ့ခေါင်းဘာဖြစ်တာလဲမသိဘူး လူဟန်..."
"ညကအမူးသမားတစ်ယောက် လှေကားရှေ့ တိုင်လေးဖက်ပြီး လဲကျနေလေရဲ့..."
"ဘာ ငါမူးပြီးမှောက်သွားတာလား..."
"မင်းမသိဘူးလား..."
"မသိဘူးလူဟန်ရာ ဘာမှကိုမမှတ်မိတော့တာ..."
"ထားပါ ရေချိုးတော့ အောက်ထပ်ကနေစောင့်နေမယ်..."
"အေး..."
သီချင်းလေးညည်းရင်း ခေါင်းကနာနေတာကို စိတ်ကရောက်ရောက်သွားတယ် ငါညကသောက်တာအရမ်းများသွားတာလား...
ကျွီ...ဒေါက် ဒေါက် ဒေါက်...
"ပြီးတော့မယ်လူဟန်ရေ နားမငြီးစမ်းပါနဲ့..."
ဒေါက် ဒေါက် ဒေါက်...
"လူဟန် မင်းမစနဲ့ကွာ..."
ဒေါက် ဒေါက် ဒေါက်...
"လူဟန်..."
ဒေါသနဲ့တံခါးဆွဲဖွင့်လိုက်ပေမဲ့ လူမရှိ ဘာလဲဟ... နောက်ကျောဘက်ကနေ လေတစ်ချက်ဝှေ့သွားတာ ကြက်သီးဖြန်းဖြန်းထသွားတယ်...
"ဘိုဏီရာနောက်ကျတာကွာ..."
"မင်း မင်း တံခါးလာခေါက်သေးလား..."
"မခေါက်ပါဘူး အားအားယားယား..."
"သေချာရဲ့လားကွာ..."
"ဘယ်လိုဖြစ်နေတာလဲ ဘိုဏီရာ ငိုသံကြီးနဲ့..."
"ငါ ငါ ထားတော့ကွာ..."
"ထားမနေနဲ့ ကန်တင်းနဲ့ညားနေမယ် ဒိုးမယ်..."
"အေးပါ..."
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...