Ep-4

1K 158 10
                                    

Unicode

မနက်ကကိစ္စခေါင်းသိပ်မကြည်ပေမဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားလို့တော်ပါသေးရဲ့...

"မောင်..."

"ချို Sorry ဆည်းဆာချို ဘာကိစ္စရှိလို့လဲ..."

"အရမ်းမစိမ်းကားပါနဲ့မောင်ရယ် အရင်လိုဘဲ နေပေးပါလား..."

"ဘာတွေလာပြောနေတာလဲ မင်းနဲ့ငါရဲ့ဇာတ်လမ်းပြီးပြီလေ ငါဆိုတဲ့ကောင်ကမင်းအတွက်Slient လမ်းဖယ်ပေးပါ..."

"စကားလေးတော့ပြောချင်တယ် ကန်တင်းလိုက်ခဲ့ပါလား ခဏလေးဘဲလေ လုပ်ပါနော်..."

"ဟူး ကောင်းပြီလေ..."

ကန်တင်းထဲရောက်​တော့ အအေးဘဲမှာလိုက်တယ် အရင်လိုချစ်သူတွေမဟုတ်တော့ ချွေတာသင့်တယ်မလား...

"ပြောစရာရှိရင်ပြောလေ အတန်းပြေးတာများနေပြီ..."

"လည်ပင်းကဘာဖြစ်တာလဲ..."

"ခြင်ကိုက်တယ်ထင်တယ်မသိပါဘူး ဘီယာသောက်တာများသွားလို့ဖြစ်တာလို့လည်းထင်တာဘဲ...လိုရင်းပြောပါ..."

"ကို..."

ဘိုဏီနဲ့ဖူး သူတို့လည်းအတန်းပြေးလာတယ်ထင်တယ် ဖူး'ကို'လို့ခေါ်တော့ ချိုမျက်နှာပျက်သွားတယ် တန်ရာတန်ရာဘဲ မင်းအရင်သစ္စာမဲ့တာ...

"လာလေ..."

"အော် ဘယ်သူထိုင်နေတာလဲလို့ ဆည်းဆာချိုကို အတန်းလစ်လာကြတာလား..."

"မဟုတ်ဘူး အတန်းထဲကိုမဝင်ရသေးတာ ဘိုဏီပြုံးဖီဖီလုပ်မနေနဲ့..."

"ဘာလဲ ဘာလဲ ငါကရိုးရိုးသားသားမေးတာ..."

"ဖြစ်ရမယ် ဒါကဆည်းဆာချိုတဲ့ဖူး ဆည်းဆာ သူကမိဖူးဂျာဟွမ်.."

"တွေ့ရတာဝမ်းသာပါတယ် ဆည်းဆာချို..."

"တို့လည်းဝမ်းသာပါတယ်..."

မိန်းမနှစ်ယောက်ရဲ့အကြည့်ပြိုင်ပွဲပါ အားပြင်းပါတယ် ဘာမှမသိတဲ့သေနာလူဟန်ကတော့အအေးကိုဘဲ ငတ်ကြီးကျနေပါတယ် အနုမြူဗုံးလောက်ကတော့မိန်းမတွေရဲ့အကြည့်ကသနားတယ် အော်လူဟန် ငါ့မှာဒင်းတို့ကြားထဲထိုင်ပြီး ပြာဖြစ်နေပြီ...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now