Ep-35

477 55 4
                                    

Unicode

"ဟင် ငါ့မြေအောက်ခန်းထဲဘယ်သူဝင်သွားတာလဲ လုံခြုံရေးတွေရော ဘယ်လုပ်နေကြလဲ Dr.Rayတိုက်ခိုက်ခံထားရတယ် ရဲတွေကိုအကြောင်းကြားလိုက်..."

"ဟုတ်ကဲ့ပါ ဆေးရုံအုပ်..."

ဆေးရုံအုပ်မြေအောက်ခန်းထဲမဝင်ခင် စာအုပ်စင်နောက်က တစ်စုံတစ်ခုကိုလှျို့ဝှက်ယူသွားတာ အရိပ်မည်းကလွဲမည်သူမှမမြင်ပါ...

မှောင်မဲနေတဲ့မြေအောက်ခန်းထဲ အနံ့သက်ကတော်တော်ဆိုးရွားတာဘဲ... ပျို့ချင်နေတဲ့စိတ်ကိုမနည်းထိန်းထားရတယ်...

"ဥပဒေနဲ့မလွတ်ကင်းတဲ့သူလား..."

"ဘိုဏီ..."

"အရိပ်မည်း ဒီအထိလိုက်ဖို့လိုလို့လား ဒါကျွန်တော့်တာဝန်ပါ..."

"မင်းကိုသတိပေးစရာရှိတယ် Dr.Rayရဲ့ခန္ဓာကိုယ်မှာ Navy Prinဝိညာဉ်ပူးကပ်နေခဲ့တာ၅နှစ်ရှိနေပြီ မင်းသိပြီးသာမလား..."

"အင်း သိတာပေါ့..."

"ဘာလို့မတားတာလဲ သူ့ဝိညာဉ်အေးချမ်းဖို့ မင်းကြိုးစားနေခဲ့တာမလား..."

"အနားမှာလည်းဆွဲခေါ်မထားရက်ဘူး ထွက်သွားဖို့ကိုလည်းခွင့်မပြုနိုင်ခဲ့ဘူး... ကျွန်တော်ချစ်တယ် Navy Prinကို ရူးရူးမူးမူးချစ်တယ် ဒါပေမဲ့ကံတရားကြောင့် Navyရင်ထဲလူလူဟန်ဝင်ရောက်ခဲ့တယ် ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး ကျမ်းစာတစ်ရွက်အပ်ပြီးတာနဲ့ပေးထားတဲ့ကတိတည်ပါအရိပ်မည်း..."

"မင်းနားမလည်သေးပါဘူး ကံကြမ္မာကိုဝင်တားခွင့်မရှိပေမဲ့ ငါကိုယ်တိုင်အရဲစွန့်ချင်တယ် ဆေးရုံအုပ်လက်ထဲသေနတ်ပါတယ်... ဒီလူကတခြားသူမဟုတ်ဘူး ဦးတင်..."

"ဘယ်လို မဖြစ်နိုင်တာ..."

"မင်းသွေးညှီနံ့ရနေတာမဟုတ်လား အဲ့သွေးနံ့ကဆေးရုံအုပ်ရဲ့အလောင်းနဲ့ သူယစ်ပူဇော်ထားတဲ့လူတွေရဲ့အလောင်းကရနေတဲ့အနံ့ဘဲ..."

"သူရော ပါလာသေးလား..."

"မင်းသိနေတဲ့ကိစ္စဘဲ ဒီတစ်ခါအပြတ်မရှင်းနိုင်ရင် ဒီဘဝမှာဘဲNavyဝိညာဉ်ပြာဖြစ်သွားလိမ့်မယ်..."

"ကျွန်တော်ဘာဆက်လုပ်ရမလဲ ကျမ်းစာဘယ်လိုရှာရမလဲမသိဘူး မှောင်မဲနေတဲ့အခန်းမှာ ဘာကိုမှမမြင်နိုင်ဘူးဖြစ်နေတယ်..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now