Ep-14

523 77 9
                                    

Unicode

မြေအောက်လမ်းကနေပြန်လာပြီး အိမ်အိုကြီးထဲရောက်တော့ ဖူးနဲ့ချိုတို့ စိတ်ပူတဲ့မျက်နှာတွေနဲ့ လူဟန်ကိုမြင်တော့မှပြေးဖက်ကြပြီး ငိုနေကြတယ် ဒါကိုNavyသဘောမကျ...

Darlingကို Honeyတစ်ယောက်တည်းဘဲပိုင်တယ် Honeyရဲ့စတေးမှုကို ဘယ်အရာ ဘယ်လိုအချစ်မျိုးနဲ့မှ မပတ်သက်စေရဘူး အနိုင်မယူစေရဘူး...

"Darling..."

ဖူးနဲ့ချိုတို့မျက်နှာမှာ အံ့သြမှုကအထင်းသား ဘိုဏီကတော့ဘာမှမပြောဘဲ နားမဲ့နေရာကိုသာဝင်သွားခဲ့တယ် သူ့နောက်မှာတော့ဆရာမပါသွားတယ်...

ညရောက်နေပြီမလို့ ဘာမှစကားမဆက်ချင်တော့ နားချင်တာကြောင့် အခန်းထဲကိုဝင်ခဲ့တယ် နံရံကိုကြည့်မိတော့Navyပုံပန်းချီကား... ခမ်းနားထည်ဝါစွာ ချိတ်ဆွဲထားတာတွေ့ရတယ်...

"ဒီအိမ်က..."

"အနာဂတ်အတွက် Planချပြီးဆောက်ထားတာပါ..."

"ဒါဆိုဒီလူကDavidလား..."

"ဘယ်လိုပြောရမလဲ ဦးတင်တဲ့..."

"ဘာ ဒါဆို သတ်သေဖို့ကို သူပြောတာလား..."

"အင်းလေ မဟုတ်ရင် Darlingနဲ့အခုလိုဆုံရပါ့မလား..."

"မဟုတ်သေးဘူး ဒါကမှားယွင်းတဲ့လုပ်ရပ်ဘဲ..."

"Darling ရင်ခုန်သံတွေကိုညာပြီး ခေါင်းမရမ်းပါနဲ့ မနက်ဖြန်ကြက်မြေသွားရှာမှာမလား နားရအောင်..."

ဖူးနဲ့ချိုကတစ်ခန်း ဒေါ်လေးကတစ်ခန်း ဆရာမနဲ့ဘိုဏီတစ်ခန်း လူဟန်နဲ့Navyကတစ်ခန်း...

လသာဆောင်ရှိတာမလို့ အဝေးကမြင်ရတဲ့ရထားလမ်းကိုကြည့်ရင်း ကြိုမမြင်နိုင်တဲ့အတားဆီးတွေကိုရင်လေးနေမိတယ်...

ဖုတ်ဝင်ခံနေရတဲ့Prin ဒါမှမဟုတ် ဦးတင်လက်ချက်ကြောင့် ဝိညာဉ်အစားထိုးတာလား ဒါဆိုPrinကဘာဖြစ်သွားတာလဲ ခန္ဓာကိုယ်တစ်ခုတည်းမှာ ဝိညာဉ်နှစ်ခုနေထိုင်နေတာလား... ထောင်ထဲမှာ တွေ့ဆုံခဲ့ရတဲ့ကံကြမ္မာ​ရေစက်ဆိုးတွေကြောင့်ဘဲ ခုဒီလိုမထင်မှတ်ထားတွေဖြစ်လာခဲ့ပြီ...

အေးစက်တဲ့လက်တစ်စုံကြောင့် အတွေးပျက်သွားရတယ် ဖြစ်ပျက်သမျှကိုစဉ်းစားကြည့်စမ်း... ဒီအချိန်စာသင်နေရမှာ ကျောင်းကိုတစ်ပတ်ခွင့်တင်ခဲ့ပေမဲ့ ကြက်မြေနေရာမှာတင် အသက်ပါသွားခဲ့ရင် အမေတစ်ယောက်တည်း အဆင်ပြေပါ့မလား...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now