Final

1.6K 84 4
                                    

Unicode

ဆေးခန်ထိုင်ပြီး နေ့တစ်ပိုင်းနဲ့ဘဲသိမ်းခဲ့လိုက်တယ်... တစ်ချိန်ကဆရာမဖြစ်သူကို ရာဇဝတ်သားအဖြစ်မြင်ရမှာ ရင်ထဲမကောင်းပေမဲ့ သူ့ရဲ့ထွက်သက်အချိန်မှာတော့ ရင်ဖွင့်ဖော်ဖြစ်ပေးချင်မိတယ်...

"သွားမယ်Navy..."

"ဟီးဟီး ဟုတ်ကဲ့ပါ Darling..."

သေမိန့်ကျထားတဲ့သူမလို့ လွတ်လွတ်လပ်လပ်နေခွင့်ရှိပါတယ်... လက်ထိပ်တွေမပါဘဲ တွေ့ရတာမလို့ အနည်းငယ်စိတ်သက်သာရာရပါတယ်...

အများကြီးအိုစာသွားတာဘဲ... ဆံပင်တွေတောင်ဖြူကုန်ပြီ အရယ်အပြုံးမရှိဘဲ မျက်ဝန်းသေတွေက ဘေးကကလေးမကိုဘဲစိုက်ကြည့်နေတယ်...

"မတွေ့ဖြစ်တာကြာပြီနော် ဆရာမ..."

"ဟားဟား အဲ့လိုမခေါ်ပါနဲ့ မထိုက်တန်လို့ပါ..."

"တောထဲမှာ အစ်ကိုရူပါကိုအကူညီတောင်းခဲ့တာဆို အသက်ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးတရားမလိုပါဘူး ကိုယ်ချစ်တဲ့လူကိုကာကွယ်ချင်ယုံပါ..."

မြင့်မိုရ်ထိပ်ထားကကလေးမကိုကြည့်ပြီးပြောနေပေမဲ့ ကလေးမကတော့ ဂရုကိုမစိုက် ကျွန်တော့်ကိုဘဲကြည့်နေတယ်...

"ငါ့မျက်လုံးတွေဘဲမှုန်နေတာလားဘိုဏီ မင်းဘေးမှာထိုင်နေတဲ့သူက..."

"Navyပါ တွေ့ရတာဝမ်းသာပါတယ် Darlingကိုကယ်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်..."

"အော် ဘယ်သူများလဲလို့ နောက်ဆုံးတော့သက်ရှိထင်ရှားတွေ့ဖူးပြီ Navy Prin..."

"ကျွန်မလည်းရှင့်ကိုတွေ့ချင်နေခဲ့တာ ကိုယ်မကျူးလွန်းထားတဲ့အမှုတွေကို ဝန်ခံနေလို့အံ့သြနေရတာ ဒါနဲ့ရှင်သတ်ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့ ကျောင်းသူတွေကလေ တကယ်တော့ရှင့်ဦးလေးသတ်တာမဟုတ်လား အော်ပြီးတော့ မုဆိုးကျော်ကြီးကိုရောလေ..."

"ဘာ ဘာပြောလိုက်တာလဲ Navy မင်းစကားတွေက အစ်ကိုရူပါအပေါ်စော်ကားလွန်းနေပြီ..."

"မင်းဘယ်လိုသိတာလဲ မဖြစ်နိုင်တာ..."

"ဘာပြောတယ်ဆရာမ အစ်ကိုရူပါကအဲ့လိုလူစားမဟုတ်ဘူး..."

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now