Ep-32

567 59 3
                                    

Unicode

"ဆည်းဆာသွားရအောင်လေ ဘာတွေငေးနေတာလဲ..."

"မငေးပါဘူးအစ်မရယ် ကိုယ့်ဇာတိရဲ့မြေသင်းရနံ့လေးကိုလွမ်းလို့ တဝကြီးရှုသွင်းနေတာ..."

"ကဲပါ Hotelသွားကြမယ်..."

"ဒေါ်လေးအိမ်ကရော..."

ညီမလေးပြန်လာတာကိုသာသိရင် လူလူဟန်နဲ့မတွေ့ဖြစ်အောင်လုပ်နိုင်တာမလို့ ပြန်လာတာကိုအသိမပေးခဲ့...

"ဟိုလေ ဒေါ်လေးကိစ္စလား လူဟန်ကိစ္စလား..."

"လူဟန်..."

"ဒါဆိုဘယ်မှာနေမယ် မနေဘူး အစ်မကဘဲဆုံးဖြတ်မယ် ဒါကြောင့်မိုးမရွာခင်သွားကြရအောင်..."

"ဟူး... ပြန်လာတဲ့နေ့မှ မိုးအုံ့နေရတယ်လို့ အခုချက်ချင်းဆေးရုံပြေးတွေ့ချင်တာကို..."

"ခြေထောက်ကပြေးလို့မရသေးဘူးလေ အခုမှခရီးကရောက်တာ ချက်ချင်းသွားတွေ့ရင်ညီမလေးဘဲ ပင်ပန်းမှာ..."

"မနက်ဖြန်သွားမှာနော် ကတိ..."

"အေးပါ ကတိ..."

Taxiကားငှားပြီး တည်းမဲ့Hotelဘက်ကိုထွက်လာခဲ့တယ် မီးပွိုင့်မိနေတုန်းမိုးတွေသည်းကြီးမည်းကြီးရွာချတာမလို့ လူဟန်ကိုစိတ်ပူမိတယ်... သူကမိုးခြိမ်းရင်ကြောက်တဲ့Psychoဝင်သွားတာ ဘိုဏီသတ်ခံရတဲ့နေ့ကတည်းကပါ...

"ဆရာ ရန်ကုန်ဆေးရုံကြီးကိုပို့ပေးပါ..."

"ညီမလေး ကတိပေးထားတယ်လေ..."

"မဟုတ်ဘူး အခုတွေ့ရမှဖြစ်မယ်..."

"ကလေးမလေး လမ်းကြောင်းပြောင်းဖို့ခက်တယ်..."

"ပိုက်ဆံကိုကျတာထက်ပိုရှင်းပေးမယ်..."

"ကျွတ်စ် လောကမှာငွေနဲ့ဖြေရှင်းမရတဲ့အရာတွေအများကြီးဘဲ ဒီအထဲမှာမှစက်ပစ္စည်းမောင်းနှင်းနေတဲ့သူလည်းပါတယ်... ဟိုဘက်လမ်းရောဒီဘက်လမ်းရောကြားညှပ်နေတာ Hotelရောက်ခါနီးနေပြီ ဟိုရောက်မှထပ်ထွက် ဦးလေးပြောတာမှားလို့စိတ်ဆိုးရင်လည်းခုကျသင့်ငွေမချေနဲ့..."

ပြောပြောဆိုဆိုနဲ့ Hotelကိုသာဦးတည်မောင်းနေတဲ့ကားဆရာ... ပိုက်ဆံပိုပေးပါမယ်ဆိုတာကိုတောင် မယူဘဲလေ...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now