Ep-20

448 64 9
                                    

Unicode

မကြာခင်အိပ်မွေ့ချပြီး သွားတဲ့သူမှန်သမျှကိုစစ်ဆေးတော့မယ်... အကုန်လုံးရဲ့မျက်ဝန်းတွေထဲ အမှန်တရားရှိတယ်...ဒါကိုမည်သူမှမသိနိုင်...

တွေ့ကြုံခဲ့တဲ့အဖြစ်ပျက်မှန်သမျှတွေဟာ သဲထဲရေသွန်သလိုပင်... နစ်နာသွားတာဆိုလို့ ကျောင်းပျက်ပြီး လေ့လာရေးခရီးစဉ်ကိုဆုံးရှုံးရတာပါ...

"ကဲ အရင်ဆုံးအကုန်လုံးနဲ့မိတ်ဆက်ပါရစေ...ကျွန်မကတော့ အိပ်မွေ့ချပညာရှင်Dr.ပန်းသစ္စာပါ ဒီဖက်ကတော့ လက်ထောက်တာဝန်ခံ Dr.Rayပါ..."

"Dr.ပန်းသစ္စာခင်ဗျ လူနာတွေအတွက် အန္တရာယ်ရှိနိုင်လား လူနာအကုန်လုံးက အတိတ်မေ့တဲ့လက္ခဏာပြနေတော့ နာကျင်စရာတွေကို မဖော်ပြချင်တာမဖြစ်နိုင်ဘူးလား..."

ဆေးရုံအုပ်ကြီးနဲ့ Dr.ပန်းသစ္စာတို့ညှိနှိုင်းမှုတွေကိုနားမလည်... အခုလက်ရှိမှာက ဘိုဏီတစ်ယောက်ကလွဲရင် Navyကိုလူဟန်ကအစ မမှတ်မိတော့တာပါဘဲ...

"လူနာမလူလူဟန်..."

ဘိုဏီအနားကပ်ပြီး တီးတိုးပြောလိုက်တဲ့ လူဟန်စကားကြောင့် ဟက်ဟက်ပက်ပက်ရယ်လိုက်မိတယ်...

"ဘာပြောသွားလို့လဲ..."

"ဘာရှိရမလဲဆရာမရယ် မလူလူဟန်ဆိုလို့ တင်းသွားတာ ဟား ဟားဟား..."

"ရယ်မနေနဲ့ နင့်အလှည့်မှ မဘိုဘိုဏီဖြစ်နေမယ်..."

"ဟွန့် ဘာမှန်းကိုမသိဘူး အဲ့တာကြောင့် ဒေါ်လေးအပျိုကြီးဖြစ်နေတာ..."

"ငါလုပ်လိုက်ရ ငါသာအပျိုကြီးမဖြစ်ရင် နင့်ကိုဘယ်သူထိန်းမလဲ အံ့သြပါ့အေ..."

"လူနာရှင်တွေတိုးတိုးလေးနေပေးပါ အသံလုံအခန်းပေမဲ့ Recordသွင်းတဲ့နေရာမှာဘေးအသံတွေပါသွားမှာဆိုးလို့ပါ..."

"ဟုတ် ဟုတ်..."

လူဟန်ကိုစတင်အိပ်မွေ့ချနေပါပြီ... ဒေါက်တာမေးသမျှကို ဘာမှသေချာမဖြေနိုင်တာကြောင့် ထူးဆန်းနေကြတယ်...

"လူနာမိဖူးဂျာဟွမ်..."

ဖူးလည်းထိုနည်းလည်းကောင်း... ဘာကိုမှရေရေရာရာမဖြေနိုင်ဘူး... တစ်စုံတစ်ယောက်ရဲ့ပယောဂဆိုတာ ဗုဒ္ဓဘာသာဝင်တစ်ဦးမလို့ ရိပ်မိလိုက်ပါပြီ...

𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞Where stories live. Discover now