Unicode
ဒီနေ့ဖူးအိမ်ကလိုက်ပို့ပေးတာမလို့ Busတိုးစီးစရာမလိုတော့... ကိုယ်ငွေ့နွေးနေသေးတာမလို့ မျက်လုံးလေးမှိတ်ပြီး အနားယူလိုက်တယ်...မကြာပါ ထိုမိန်းကလေးကိုတွေ့ရပြန်ပြီ...
"မင်းဘယ်လိုလုပ် ဒီရောက်နေတာလဲ..."
"သူစိမ်းဆန်လိုက်တာ Darlingရယ်..."
"တစ်ခုမေးချင်တယ် ငါကအတိတ်ဘဝရဲ့ဇာတ်ဆောင်ထွန်းနိုင်လား..."
"ထွန်းနိုင် ဘယ်သူပြောတာလဲ..."
"ငါမေးတာသာဖြေပေးပါ Alxander Navy Prin..."
"Oh!... နာမည်သိသွားပြီလား ဒါပေမဲ့ Darlingရယ် ထွန်းနိုင်ဆိုတာ..."
ရုတ်တရက်လှုပ်နှိုးခြင်းခံလိုက်ရလို့ ဒါကအိမ်မက်ဆိုတာ ယုံကြည်လိုက်ရတယ်... တစ်ခုမသင်္ကာစရာက ထွန်းနိုင်မဟုတ်ဘူးဆိုရင် ငါကဘယ်သူလဲ...
"လူဟန်ထတော့ ကျောင်းရောက်ပြီ မင်းမသက်သာရင် ခွင့်တိုင်ပေးရမလား..."
"ရပါတယ်ကွာ ဖူးရော..."
"လမ်းတစ်ဝက်တင် သူ့အိမ်ကခေါ်လို့ဆင်းသွားတယ် အတွေးများမနေနဲ့အတန်းချိန်မစခင် ကန်တင်းမှာတစ်ခုခုစားရအောင်..."
"ဘိုဏီရာ ဟိုအိမ်မှာစားစရာတွေအများကြီးချပေးထားတော့ မစားချင်ဘူးဘာညာနဲ့ မူယာမာယာပိုနေပြီး မင်းဟာလေငွေကုန်ပေါက်ကို တမင်ကိုရှာတယ်..."
"ပူပန်မနေပါနဲ့ ငွေကုန်ပေါက်ရှာပေမဲ့ မနေ့ညကအကြောင်းရာလေးဆက်ချင်လို့..."
"အေး ငါစိတ်ဝင်စားတယ် သွားမယ်..."
စိတ်ထဲမတင်မကျဖြစ်နေတဲ့အရာကိုမေးရမယ် ဘိုဏီဘာတွေလျှို့ဝှက်ထားသလဲဆိုတာနဲ့ ထွန်းနိုင်ကဇာတ်ဆောင်လား ဒါမှမဟုတ် ဇာတ်ပို့လားဆိုတာကိုပေါ့...
"ညီမလေး အစ်ကိုတို့ကိုသောက်နေကျဘဲ..."
"ဟုတ်..."
"ဘိုဏီ ကျောင်းဝန်းထဲရောက်နေတာသတိထားဦး ဆေးလိပ်မသောက်ပါနဲ့ကွာ ပြန်သိမ်းဦး..."
"ငါမေ့သွားလို့ပါလူဟန်ရာ မင်းမသောက်တိုင်း လူကိုပိတ်ပင်နေတယ်..."
YOU ARE READING
𝐓𝐡𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐎𝐟 𝐍𝐚𝐯𝐲 𝐁𝐥𝐮𝐞
HorrorHorror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတွေ စိတ်ကူးယဉ်ဆန်ဆန်ရေးထားခြင်းဖြစ်ပါတယ်... မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်လိုစိတ်မရှိပါခင်ဗျာ...အကြော...