ep.2(Uni)

3.3K 164 56
                                    


အနောက်ဘက်ကအော်သံတခုကြားခဲ့ပေမယ့်နိုးလှည့်မကြည့်ဖြစ်ခဲ့...လျှောက်လက်စလမ်းကိုသာဆက်လျှောက်ဖြစ်ခဲ့တယ် လမ်းတဖက်ခြမ်းရောက်တော့မှ ဘာကြောင့်မှန်းမသိစိုးရိမ်နေတဲ့စိတ်ကြောင့် နောက်ပြန်လှည့်ကြည့်မိလိုက်တော့၊ လက်တဖက်ကိုရင်ဘက်မှာဖိပီး ကျန်လက်တဖက်ကကားပေါ်မှာအားပြုပီးထောက်ထားတယ့်အဝါရောင်ကောင်လေး၊ အဆင်ပြေတဲ့ပုံမပေါ်တာကြောင့်နိုးနိုးသူ့ဆီပြန်သွားဖို့ခြေလှမ်းစလိုက်ပေမယ့် ကိုယ်ကိုဖြည်းဖြည်းချင်းထိန်းကာ ကားပေါ်တက်နေတဲ့ကောင်လေးကြောင့်သက်ပြင်းဖွဖွချလိုက်ပီး၊  နောက်ကျနေပီဖြစ်တဲ့မိမိဆေးခန်းလေးကို အမြန်ဆုံးသုတ်ခြေတင်ရတော့တယ်။

"ကျစ်.....ကားကလည်းဒီနေ့ကျမှပျက်ရတယ်လို့"

"ဟော....ဆရာလေးဒီနေ့နောက်ကျတယ်နော်"

"အာ...ဟုတ်တယ်မမွန်လမ်းမှာနည်းနည်းကြာသွားတယ်"

"ဟင်!!!နေမကောင်းဘူးလားနိုးနိုး မျက်နှာတခုလုံးလည်းဖြူဖျော့နေတာပဲ"

" ကောင်းပါတယ်မမွန် လမ်းမှာaccidentတခုဖြစ်ခဲ့လို့ "

accidenetဆိုတဲ့အသံကြားတာနဲ့စိတ်ပူမူတွေပြည့်နှက်သွားတဲ့မမွန်မျက်နှာကိုနိုးနိုးမြင်လိုက်တာနဲ့

"ဘာမှမဖြစ်ဘူးမမွန်းနိုးလည်းမထိခိုက်သလိုတဖက်ကလည်းဘာဒဏ်ရာမှမရဘူး။ ဒီတိုင်းကားရှေ့ကလမ်းဖြတ်ကူးမိလိုက်တာသူကဘရိတ်အုတ်တာမြန်လို့၂ယောက်လုံးဘာမှမဖြစ်ဘူးစိတ်မပူနဲ့တော့နော် မျက်နှာကဖြူဖျော့တယ်ဆိုတာလည်းနိုးအခုနောက်ပိုင်းတွေဆေးရုံမှာပင်ပန်းလို့ပါ"

နိုးနိုးမမွန်ကိုစိတ်ရှည်လက်ရှည်ရှင်းပြမိတယ်၊ ဘာလို့ဆိုသူတို့ကကိုယ့်ကိုကိုယ်ဆိုအရမ်းဂရုစိုက်တာလေ၊ ပြည်ပကနေမြန်မာပြည်ပြန်လာပီးကိုယ်ဖွင့်ချင်တဲ့ဆေးခန်းလေးကိုဖွင့်ဖိုစလုပ်ကတည်းက မမွန်ကသူ့မောင်လေးအရင်းလိုကူညီပေးခဲ့တာ၊ ပီးတော့ဒီရပ်ကွက်ထဲမှာလည်းနိုးမလာခင်တုန်းကမမွန်ပဲ ဖျားနာကျရင်သောက်ဆေးပေးစရာရှိတာပေးဆေးထိုးသင့်ရင်ထိုး လုပ်ပေးနေတာ ဆေးရုံကတော့ဖေဖေနဲ့မေမေကြောင့်ဝင်ဖြစ်ခဲ့တာပေါ့ ၊ ဒီနိုင်ငံပြန်လာနိုင်ဖို့ကလည်းဒီအလုပ်ဝင်မှဖြစ်မှာလေ။

HE IS MINE (သူ....) completedWhere stories live. Discover now