"အကို""ဟင်....သော်!!"
"သော်စကားခဏလောက်ပြောလို့ရမလား အကို"
"အင်း..ရပါတယ်၊ သော်ပြောစရာရှိတာပြောလေ"
"အကိုတို့ ဘာကိစ္စတြွေဖစ်ကြတာလဲ၊ အကိုတို့နှစ်ယောက်ကြားမှာဘယ်လိုအကြောင်းအရာတွေရှိနေတာလဲဆိုတာ သော်မသိဘူး။
ဒါပေမဲ့သော်သိတာတစ်ခုတော့ရှိတယ် အဲ့ဒါက အကိုကလည်းရာ့ကိုချစ်သလို၊ ရာ့ကလည်းအကို့ကိုချစ်တယ်ဆိုတာကိုပဲ""တောင်းပန်ပါတယ်။ အကိုကတောင်းပန်ပါတယ်"
"ဟင့်အင်းးး မတောင်းပန်နဲ့အကို၊
မတောင်းပန်ပါနဲ့။
တောင်းပန်တဲ့ဆိုတဲ့အဓိပ္ပာယ်ကအမှားတစ်ခုခုလုပ်မိလို့ ဆိုလာခဲ့တဲ့စကားမဟုတ်ဘူးလား။ ရာ့ကိုမထားခဲ့ပါနဲ့အကို အကိုမရှိရင်အဲ့ကောင်လေးတကယ်ရူးသွားလိမ့်မယ်""မောင့်ကို ကိုယ်လည်းချစ်တယ်သော်၊ ဒါကအကို့ပါးစပ်ကနေသူ့ကိုချစ်ပါတယ်လို့ပထမဉီးဆုံးအကြိမ်ပြောမိခြင်းပါ။ ဒါပေမဲ့ကိုယ်တို့ရှေ့ဆက်လို့မဖြစ်တော့ဘူး။
နောင်လာမယ့်နေ့ရက်တွေမှာ ကိုယ့်ကြောင့်သူ့ကိုထိခိုက်စေမိလိမ့်မယ်သော်၊ ဒါကိုအကိုမလိုလားဘူး""နောင်လာမယ့် အချိန်တွေအတွက်ကိုအကိုကတွေးပီးပူနေခဲ့တာလား။ အကိုမရှိရင်အခုကတည်းကသူသေသွားလိမ့်မယ်ဆိုတာကိုရောအကိုထည့်မတွေးတော့ဘူးလား"
"......."
"ရာက...အကို့ဆီကနေလမ်းခွဲစကားကြားလာခဲ့တဲ့နေ့ကတည်းက ဒီနေ့ချိန်ထိဘာစကားတစ်ခွန်းမှမပြောသလို၊ ဘာတစ်ခုမှလည်းမစားဘူး။
ဒါပေမဲ့သူ့ရှေ့မှာလူတစ်ယောက်အကြောင်းပြောရင်တော့ သူ့ဘက်ကလှုပ်ရှားမှု့သေးသေးတွေနဲ့တုန့်ပြန်လာတက်တယ်။အဲ့ဒါဘယ်သူလဲဆိုတာကိုတော့သော်မပြောလည်းအကိုသိတယ်မလားဟင်""မောင့်ကြောင့် ကိုယ်တော့ရူးတော့မှာပဲကွာ"အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်လေ မောင့်ဘဝထဲကိုကျွန်တော်တိုးဝင်ခဲ့တဲ့အဲ့ဒီနေ့ကိုရှောင်ရှားပစ်ချင်မိပါသည်။ကိုယ်လေမင်းကိုသိပ်ပီးအားနာရပါတယ်ကောင်လေးရယ်။
YOU ARE READING
HE IS MINE (သူ....) completed
Romanceမြတ်နိုးပိုင် အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ငါကတော့မောင်လို့ပဲဖြေမယ်......❤️ ရာဇာရှိုင်းဆက် ဘယ်အခြေအနေရောက်ရောက် မောင်ကမင်းဆီကိုရောက်အောင်လာခဲ့မယ်.. မင်းဘက်က မောင့်ကိုကြိုးစားခွင့်လေးတော့ပေးမယ်မလား.......❣️