ep.8(Uni)

1.4K 101 26
                                    

ဒီနေ့တော့အထူးအဆန်းပင်ရှိုင်းဆက်မနက်အစောကြီးအိပ်ယာနိုးလာခဲ့သည်၊
အစောကြီးနိုးလာဆို ဘာမနှောက်အယှက်မှမရှိပဲသူတညလုံးအေးဆေးအိပ်ပျော်ခဲ့တာကြောင့်ပင်
ဘယ်နှညမှန်းမသိမအိပ်ခဲ့ရတဲ့ရက်တွေ
ပီးတော့ညဘက်တွေမှာမအိပ်ရပဲမိုးလင်းခါနီးမှအိပ်ပျော်ခဲ့ရတဲ့တွေညတွေ
ဒါတွေကရှိုင်းဆက်အတွက်တော့ပုံမှန်လိုပင်
သို့သော် ဒီညအတွက်ကတော့တကယ်ကိုထူးဆန်းနေခဲ့သည်
သူအထက်တန်းကျောင်းသားဘဝကတည်းကပင်အခုချိန်ထိပထမဆုံးမက်ခဲ့တဲ့ခပ်ဆွေးဆွေးမျက်ဝန်းတွေကိုမတွေ့ရသလို
အခုနောက်ပိုင်းမှာပေါ်လာတက်တဲ့ လူနှစ်ယောက်ရဲ့ပုံရိပ်တွေလည်းယနေ့သူ့အိမ်မက်ထဲတိုးဝင်မလာခဲ့
ဘာကြောင့်လဲဆိုတာအဖြေရှာမနေတော့မနေ့ကတွေ့ခဲ့ရတဲ့မျက်ဝန်းပြာနဲ့ကောင်လေးဆီကိုသာစိတ်တွေကဦးတည်နေခဲ့သည်

ဖွားဖွားကိုပြန်တွေ့ပီဆိုတဲ့အကြောင်းညကအိမ်ပြန်ရောက်ကတည်းကမေမေတို့ဆီphဆက်ပီးဖြစ်သည်
တွေ့ချင်ရျ်ရန်ကုန်အသည်းအသန်လာမယ်လုပ်နေတာကြောင့် အကျိုးအကြောင်းပြောပီးမနည်းတားထားရသေးသည်
အခုမှအရိပ်ကလေးနဲ့နီးခါစကိုဒီလိုလိုလွယ်နဲ့အပျက်စီးခံလို့မဖြစ်
ဖွားဖွားရှိနေမှ အရိပ်ကလေးဆီသူ့သွားလို့ရမည်မဟုတ်လား

ရှိုင်းဆက်တယောက်အိပ်ယာနိုးကတည်းကပင်စိတ်တွေကြည်လင်နေခဲ့သည်
ဇွဲမာန်ဆိုတဲ့ကောင်phမဆက်ခင်အချိန်ထိပေါ့

"ဟယ်လို"

"ဟုတ်ကဲ့သခင်လေးခဗျ.....ဖွားဖွားကိုလည်းပြန်ရှာတွေ့ပီဆိုတော့ ဆ်ိုင်ကိုလာဖို့အစီအစဥ်များရှိသေးလားဗျ"

"မရှိဘူး"

"ခွေးသူတောင်းစား!!! မင်းမလာရင်ဒီလအတွက်ပိုက်ဆံငါမပေးဘူးနော်ရှိုင်းဆက်"

"တောင်းပန်ပီးပေးရင်တောင်မယူဘူးရှင်းလား၊
အခုလည်းမအားဘူးဖွားဖွားဆီသွားရအုံးမယ်
ပီးတော့ငါ့အကြည်ဓာတ်လေးကိုလည်းသွားတွေ့ရအုံးမယ် ဟဲဟဲ"

"စောက်ကြီးစောက်ကျယ်နဲ့အကြည်ဓာတ်တွေဘာတွေလာပြောနေသေးတယ်၊
မင်းဘာသာကြွချင်တဲ့နေရာသာကြွတော့
ငါကိုကစောက်မှတ်မရှိphဆက်မိတာ
ဒါပဲ....မင်းနဲ့စောက်စကားကိုမပြောချင်ဘူးတော့ဘူး"

HE IS MINE (သူ....) completedWhere stories live. Discover now