ep.26(Zwi)

363 26 0
                                    


နွေ မန္တလေးသွားနေတုန်း 'နွေ'သဘောကျနေသည့် ရှိုင်းဆက်ဆိုတဲ့ကလေးကိုသူမတွေ့ဖို့ဆုံးဖြတ်ခဲ့သည်
နွေ့ကိုဘာကြောင့်ငြင်းပယ်ရသည်လဲ၊ သိပ်လှတဲ့အမျိုးသမီးတစ်ယောက်ကိုပစ်ပယ်ပီး ဘာကြောင့်ယောက်ျားတစ်ယောက်ကိုရွေးချယ်ရသည်လဲ
တချိန်ကကိစ္စတွေကိုနွေ့ဆီကနေအကြမ်းဖျင်းကြားခဲ့ရပေမယ့်
ဒါဟာငယ်သေးသည်မို့ဖြစ်ခဲ့ရသည်ပဲ သူကဘာကြောင့်နားလည်မပေးနိုင်ရသည်လဲ

ဒီကလေးကို မန္တလေးမှာနေခဲ့တုန်းကနွေ့အနားမှာခဏလောက်လေးသာတွေ့ခဲ့ဖူးသည်
အဲ့အချိန်ကငွေကသာအရေးကြီးခဲ့သည်မို့ ထိုကလေးကိုသတိမထားမိခဲ့
အခုထိလည်းနွယ့်အတွက်ငွေကအရေးပါသည်ဆိုပေမယ့် အရင်ကလောက်တော့လုံးပမ်းစရာမလိုတော့ ငွေကိုအလွယ်တကူရနေလေပီ ထိုကြောင့်သမီးကိုပိုဂရုစိုက်ဖို့သာလိုအပ်ပေသည်

"ရှိုင်းဆက်ဆိုတဲ့ကလေးကိုဘယ်နေမှာရာတွေ့လို့ရနိုင်မလဲဆိုတာ တချက်စုံစမ်းပေးပါ"


"ကောင်းပါပီ ဒါဆိုကျွန်မကိုပြန်ဆက်သွယ်ပေးဖို့မမေ့ပါနဲ့"

အိမ်မှာနေပီး နွယ့်ကိုစောင့်ကြည့်ဖို့အတွက်သူဆုံးဖြတ်ထားသည်
တချို့သောကိစ္စတွေကိုလူယုံတစ်ယောက်နဲ့လွှတ်ထားပီ
နွယ့်ကိုသာအနီးကပ်ပိုလေ့လာဖြစ်နေသည်
အခုလည်းဘယ်သူနဲ့အဆက်အသွယ်လုပ်နေပြန်ပီလဲဆိုတာကိုသူသိနိုင်ဖို့ကြိုးစာရမည်

"နွယ်"

"အော် အကိုပြောလေ၊ ဘာကိစ္စရှိလို့လဲ"


"မနက်ဖြန် အကိုတို့အပြင်သွားကြမလားလို့လေ၊ အကိုလည်းအခုလိုနောက်ပိုင်းနွယ်နဲ့တဖြည်းဖြည်းပိုဝေးကွာသွားသလိုခံစားနေရတယ်"


"မနက်ဖြန်မနက်ပိုင်းလောက်တော့နွယ်မအားဘူးအကို၊ နွေသဘောကျနေတဲ့ဟို
ရှိုင်းဆက်ဆိုတဲ့ကလေးနဲ့တွေ့ဖို့ချိန်းထားလို့"

"အင်းပါ  ဒါဆိုလည်း နွယ်အားတဲ့အချိန်ပေါ့"

"ဟုတ်ကဲ့ပါအကို"

ထူးထူးဆန်းဆန်း အကိုကသူနဲ့အပြင်သွားချင်သည်တဲ့ကိစ္စတခုခုများရှိနေလို့လားဒါမှမဟုတ် အကိုပြောသလို တကယ်ပဲကိုယ်နဲ့ဝေးကွာသွားသလိုခံစားရနေလို့လား

HE IS MINE (သူ....) completedWhere stories live. Discover now